CPI ကုမ္ပဏီမြန်မာနိုင်ငံမှ အပြီးပိုင်ထွက်ခွာသွားရန် ဆန္ဒပြ

Image

မြစ်ဆုံစီမံကိန်း လုံဝရပ်ဆိုင်းသွားရန်နှင့် ထိုစီမံကိန်းအား လုပ်ဆောင်နေသည့် တရုတ် CPI ကုမ္ပဏီ မြန်မာပြည်မှ လုံးဝ ထွက်ခွာသွားပေးရန် မြန်မာတနိုင်ငံလုံးရှိ လူမှုအဖွဲ့အစည်းပေါင်း (၃၂)ဖွဲ့ နှင့် ကချင်ပြည်နယ်ရှိ ဒေသခံအဖွဲ့အစည်းများ မြစ်ဆုံဒေသခံပြည်သူများမှ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိ CPI ရုံးများတွင် ဆန္ဒပြခဲ့ကြကြောင်းသတင်းရရှိသည်။

၂၀၁၄ ခုနှစ် မတ်လ ၁၄ နှစ်နေ့တွင်ကျရောက်သည့် ကမ္ဘာ့မြစ်ချောင်းများနေ့ (International River Day) တွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့စီတာပူရပ်ကွက်ရှိ CPI ကုမ္ပဏီရုံး၊ ဒွမ်ဂန် CPIရုံး၊ ကျိန်ခရန်မြစ်ဆုံစီမံကိန်းရုံး၊ အောင်မြင်သာစံပြကျေးရွာသစ်နှင့် မြစ်ဆုံ(တန်ဖရဲ)တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“မြစ်ဆုံဟာမြန်မာပြည်ရဲ့ ပြရုပ်တစ်ခုဖြစ်တယ်။ ဧရာဝတီမြစ်ဟာလည်း လုံးဝဆက်လက်စီးဆင်းဖို့လိုတယ်။ဒါကြောင့် CPI ကုမ္ပဏီကို မြန်မာနိုင်ငံမှ လုံးဝ ထွက်သွားပေးဖို့တောင်းဆိုတာပါ။”ဟု စိမ်းရောင်စို လုပ်ရှားမှု (activitives) မှ ကချင်ပြည်နယ်တာဝန်ခံ ဦးကျော်ဦးမှ ဆိုသည်။

ယနေ့ဆန္ဒတဲ့အချိန်တွင် မြန်မာပြည်အနံ့မှ ပြည်သူများနှင့် ဒေသခံများအယောက် ၅၀၀ ခန့်ပါဝင်ခဲ့ပြီး CPI ကုမ္ပဏီအလိုမရှိ၊ CPI get out ၊ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး ဒို့အရေး စသည့်ဆန္ဒများအား ထုတ်ဖော်ခဲ့ကြသည်။ အဆိုပါစာသားများပါသည့် ဆိုင်းပုဒ်များလည်း ကိုင်းဆောင်ခဲ့ကြသည်။

“မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းပေးစေလိုတဲ့ဆန္ဒနဲ့ ဒီနေ့ပါဝင်တာပါ။ ဒီအောင်မြင်သာရွာမှာ နေရတာလည်း အရန်းဒုက္ခရောက်တယ်။ မိုးတွင်းဆိုရင် အိမ်တွေလည်း မိုးအရန်းယိုတယ်။ စားဖို့သောက်ဖို့လည်း အရန်းခက်တယ်။”ဟု အောင်မြင်သာဒေသခံတစ်ဦးဖြစ်သူ ဆရာမဒေါ်ဂျာခေါန်မှဆိုသည်။

ယနေ့အခမ်းအနားတွင် စာရေးဆရာများနှင့် ဒေသခံများမှ မြစ်ဆုံနှင့်သည့် ကဗျာများ၊ သီချင်းများနှင့် ကချင်ရိုးရာ ထောင်ကအကစသည့် အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

ယမန်းနှင့်တွေလည်း ဒေသခံအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ကမ္ဘာ့မြစ်ချောင်းအင်းအိုင်များနေ့အား မြစ်ဆုံတွင်ကျင်းပြခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ကချင်ပြည်နယ်သို့ပထမဆုံးအကြိမ် ရောက်ရှိ

Image

ပထမဆုံးအကြိမ် ခရီးစဉ် အဖြစ် နိုင်ငံတော်သမ္မတသည် ယနေ့ ၂၀၁၄ မတ်လ ၁၆ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အတူ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုဝန်ကြီးများနှင့် အတူ မြစ်ကြီးနားသို့ ရောက်ရှိခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရနှင့် ဒေသခံရပ်မိရပ်ဖများသည် နိုင်ငံတော်သမ္မတကြီးအား မြစ်ကြီးနား လေယာဉ်ကွင်းမှ မြို့တော်ခန်းမထိ လမ်းတစ်လျှောက် နှင့် မြို့တော်ခန်းမဆောင်တွင် နံနက် ၇ နာရီကျော်မှ စောင့်နေခဲ့ကြသည်။ နိုင်ငံတော် သမ္မတလည်း နံနက် ၁၁ နာရီထိုးခါနီးတွင် မြစ်ကြီးနာမြို့သို့ ရောက်ရှိခဲ့သည်။

ကချင်ပြည်နယ်ရှိ မြို့မိ မြို့မများနှင့် မြို့တော်ခန်းမတွင် တွေ့ဆုံခဲ့ပြီး ၀န်းသိုကျောင်းတိုက်တွင် ဆရာတော်များနှင့် တွေ့ဆုံခဲ့သည်။ ထိုနောက် ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မြစ်ကြီးနား တက္ကသိုလ်၊ ဆေးရုံကြီးတို့တွင်လည်း သွားရောက်ခဲ့သည်။

ယခုအချိန်သည် အစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေးအား အလေးထားဆောင်ရွက်လျှက်ရှိရာမှ တပ်မတော်သည်လည်း အစိုးရနှင့် တစ်ထပ်တည်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတမှဆိုသည်။

တာဝန်ထမ်းဆောင်ခဲ့သည့် (၃) နှစ်အတွင်း သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရခဲ့သကဲ့သို့မမျော်လင့်တဲ့ ခက်ခဲမှု အကြပ်အတည်းတွေ စိန်ခေါ်မှုတွေ တွေ့ဆုံခဲ့ရသော်လည်း နိုင်ငံသားအားလုံးရဲ့ စည်းလုံးညီညွတ်မှု ဘာသာရေးခေါင်းဆောင်သူအားလုံးရဲ့ အမျော်အမြင်ကြီးမှု ပြည်သူလူထုရဲ့ ထောက်ခံမှုတွေနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ကြောင်းလည်းဆိုသည်။

ဘာသာရေးခေါင်းဆောင်းများမှလည်းတိုင်းရင်းသားများအလုံးမျော်လင့်နေသည့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကြီး အမြန်ပေါ်ပေါက်လာစေရန် သမ္မတကြီးအား တင်ပြခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်သည် ပါဝင်လိုက်ပါခဲ့သော်လည်း မည်သည့်မိန့်ခွန်းမှ ပြောကြားခြင်းမရှိခဲ့ပါ။

နိုင်ငံတော်သမ္မတသည် မတ်လ ၁၇ ရက်နေ့တွင် ပူတာအိုမြို့သို့ ခရီးဆက်မည်ဖြစ်သည်။

အစိုးရစစ်ကားများဆွမ်ပရာဘွမ်လမ်းသို့ဦးတည်

Image

ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်နေ့ နံနက် ၉ နာရီခန့်တွင် မြစ်ကြီးနားမှ တပ်မတော် စစ်ကားများ အစီး ၄၀ ခန့် ရိက္ခာနှင့် စစ်သားအချို့တင်ကာ ဆွမ်ပရာဘွမ်- ပိုတာအို လမ်းဘက်သို့ တက်သွားခဲ့သည်။
ဘယ်သို့ သွားသည်ကို အတိအကျမသိပါ။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကျင်းပ

Image

ကချင်ပြည်မြစ်ကြီးနားမြို့တွင် လူထုခြေပြုအဖွဲ့အစည်းများမှ ပူပေါင်း ပြီး ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပခဲ့သည်။

ထိုဟောပြောပွဲတွင်ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြစ်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးလဖိုင်ဇော်ဂွန်း၊ ၈၈ မျိုးဆက်သစ် ကျောင်းသားကိုမြအေးနှင့် အဖွဲ့များ၊ မြို့ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ နှင့် စစ်ဘေးဒုက္ခသည်များစုစုပေါင်းအယောက် ၁၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် မြစ်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးလဖိုင်ဇော်ဂွန်းတို့မှ အဖွဲ့အမှာစကားများပြောကြားခဲ့သည်။

ကိုမြအေးမှလည်းworking for your right ခေါင်းစဉ်များပြောကြားခဲ့သည်။
“ပြည်သူတွေကိုယ်တိုင်လည်း ငါတို့မွှေးရာပါအခွင့်အရေးကဘာလဲဆိုတာသိဖို့လိုတယ်။  ကိုယ်အခွင့်အရေးကို ကိုယ်တိုင်မသိရင် တောင်းဆိုတတ်မှာလည်းမဟုတ်ဘူး။  ဘယ်တော့မှလည်းရမှာလည်းမဟုတ်ဘူး။”ဟု  ကိုမြအေးမှအဆိုပါဟောပြောပွဲတွင် ပြောကြားခဲ့သည်။

ယနေ့ဟောပြောပွဲတွင်လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့်ဓာတ်ပုံ၊စာအုပ်နှင့်အခြားပစ္စည်းများအားပြခန်းပြုလုပ်ကာပြသခဲ့ကြသည်။

အခုကဲ့သို့ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာပြည်သူများလူ့အခွင့်အရေး ဆိုတာကို နားလည်လာပြီး ကိုယ့်အခွင့်အရေးတောင်းဆိုတတ်လာအောင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုတွင် ပြည်သူတွေနဲ့အစိုးရတွေ ပိုမိုအဆက်အသွယ်ကောင်းအောင်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်ကိုမုန်ဒန်မှဆိုသည်။

၂၀၁၂ ခုနှစ်တွင်လည်းအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မြစ်ကြီးနားမနောကွင်းတွင် အားကျင်းပခဲ့သည်။

ဈေးကောင်းရလို့ တရုတ်ပြည်သို့ ကျွဲးနွားမောင်ခိုရှိနေဆဲ

Image

အစိုးရမှ ဖမ်းစီးဆဲ ဖြစ်နေသော်လည်း မြန်မာနိုင်ငံအနံ့မှ ကျွဲ နွားများ မန်စီမြို့နယ် မန်ဝင်းကြီးမှတဆင့် တရုတ်ပြည် နောင်တောင်မြို့သို့ နေစဉ် ရာနဲ့ချီ တင်ပို့လျှက်ရှိနေဆဲဖြစ်ကြောင်းသတင်းရရှိသည်။

မြစ်မာနိုင်ငံအနံ့မှ ကျွဲနွားများအား မန်ဝင်းကြီး ကျွ နွား ရောင်း ၀ယ်ရေး ၀ိုင်း သို့ မောင်းလာခဲ့ပြီး ထို ၀ိုင်းမှတဆင့် တရုတ်ပြည်မှ တရုတ်များမှ လာရောက်ဝယ်ယူလျှက်ရှိသည်။

‘အခု စစ်ကြောင်းထိုသွားလို့ စစ်ကြောင်းမထိုးရင် တရုတ်ပြည်ကိုသွားတယ် တနေ့ကို ထောင်ဂဏန်းရှိတယ်။”ဟု မန်ဝင်းကြီး ဒေသခံတစ်ဦးကဆိုသည်။
မန်းဝင်းကြီးရပ်ကွက်ရှိ အိမ်းအများပိုင်းတွင် ကျွဲနွားများ ထားရှိလျှက်ရှိသည်။ မန်ဝင်းကြီးရပ်ကွက်သည် နယ်စပ်ကုန်သွယ်ရေး ကောင်းမွန်သည့် ရပ်ကွက်တစ်ခုလည်းဖြစ်သည်။

ကျွဲနွားကုန်သွယ်ရေးသည် မန်ဝင်းကြီးဒေသခံများ၏ အဓိကစီးပွားရေး ကုန်သွယ်ရေး တစ်ခုလည်းဖြစ်သည်။

“မိုးမိတ်ကနေလာခဲ့တယ်။ ဒီအထိဆို ၁၂ ရက်လမ်းလျှောက်ရတယ်။ ဒီမှာကဈေးကောင်းရလို့။”ဟု မိုးမိတ်မှ သွားအကောင် ၂၀ ခန့်မောင်းလာသူ နွားကုန်သည်တစ်ဦးကဆိုသည်။

ကျွဲနွားများအား တရုတ်ပြည်သူ အရွယ်အလိုက် ကျပ် ၁၅ သိန်းမှ သိန်း၃၀ အထိ ရရှိကြသည့် သာမက ထိုရပ်ကွက်တွင်လွပ်လပ်စွာ ရောင်းဝယ်နိုင်ကြခြင်းကြောင်း အခုလို စည်းကားနေဖြင်းဖြစ်သည်။

အခုလိုလုပ်ကိုင်နိုင်ရန် ကချင်ပြည်နယ် စည်ပင် နှင့် ကေအိုင်အို အား အခွန်ငွေပေးထားရကြောင်းလည်း သိရသည်။

မန်ဝင်းကြီးကျေးရွာသို့ တင်ပို့နေသည့် ကျွဲနွားများသည် မြန်မာနိုင်ငံအနံ့ ဧရာဝတီတိုင်း၊ စတိုင်းတိုင်း၊ ရှမ်ပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်တို့မှ အဓိက တင်ပို့လျှက်ရှိနေကြကြောင်း မန်းဝင်းကြီးဒေသခံတစ်ဦးမှဆိုသည်။

ရဲသား (၂) ဦးမှ ကလေး (၄) ယောက်မိခင်အားမုဒိမ်းကျင့်

ဂွတ်ခိုင်မြို့နယ် နောင်ချိုကျေးရွာရှိ ကလေး (၄) မိခင်အားရဲသားနှစ်ဦးမှ ရဲဝတ်စုံဖြင့် ထိုအမျိုးသမီးတစ်ဦးထဲရှိနေစဉ် အိမ်ထဲဝင်လာပြီး မူယစ်ဆေးဝါးရောင်းသည်ဟုဆိုကာ စစ်ဆေးပြီး အ၀တ်အစားများ အကုန်ချွန်ခိုင်းကာမုဒိမ်းကျင့်ထားခဲ့ကြောင်းသိရသည်။

“ဘိန်းရောင်းတယ် ဆိုပြီးတကိုယ်လုံးရှိ အ၀တ်အစားတွေကို ရှာတယ်တဲ့။ ရှာပြီးမတွေ့တော့မှ အ၀တ်ကုန်လုံးချွတ်ပြီးမုဒိမ်းကျင့်ပြီးထားခဲ့တယ်တာတဲ့” ဟုဂွတ်ခိုင်ဒေသခံတစ်ဦးကဆိုသည်။

ထိုအမျိုးသမီးသည် အသက် ၃၅ နှစ်အရွယ်ဖြစ်ပြီး သူ၏ အအမျိုးသားနှင့် အတူနေထိုင်သည့် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဖြစ်သည်။

အောင်မြင်သာဒေသခံများ မြစ်ဆုံဒေသတွင် အခြေချမနေထိုင်ရန်သတိပေး

Image

အောင်မြင်သာဒေသခံများ မြစ်ဆုံဒေသသို့ ပြန်လည်နေထိုင်ခြင်းရှိမရှိ မြစ်ကြီးနား မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများမှလာရောက်စစ်ဆေးပြီး ပြန်လည်အခြေချနေထိုင်သူများအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုနိုင်ကြောင်း တန်ဖရဲ (မြစ်ဆုံ) ကျေးရွာတွင် ပြန်လည်နေထိုင်ကာ လုပ်ကိုင်စားသောက်နေသည့် ဒေသခံများအား ပြောဆိုခဲ့ကြောင်းသတင်းရရှိသည်။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် လာရောက်စစ်ဆေးချိန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ခင်းဗျားတို့ကိုနေစရာနေရာပေးထားပြီးပြီ။  ဒီမှာနေလို့မရတော့ဘူး”ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားကြောင်းအောင်မြင်သာဒေသခံတစ်ဦးမှဆိုသည်။

ယခုအကြိမ်သည် ပထမလာရောက်စစ်ဆေးခြင်း ဖြစ်ပြီး နောက်ပြန်လာကြည့်သည့်အခါ အတည်တကျနေထိုင်သူများအား ခံဝန်ကတိထိုးခိုင်းပြီး ဖြစ်ကြောင်းနှင့် ခံဝန်ကတိထိုးပြီး ပြန်လည်နေထိုင်သူများအားပုဒ်မ ၁၈၈ ဖြင့် ဖမ်းစီ မည်ဖြစ်ကြောင်းပြောဆိုသွားသည်ကိုလည်း ဒေသခံတစ်ဦးမှ ဆက်လက်ဆိုသည်။

“အိမ်ပြန်ဆောက်။ ကြက်၊၀က်တွေမွေးပြီး နေလို့မရဘူးလို့ပြောတယ်”ဟုဒေသခံတစ်ဦးမှဆိုသည်။

နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပခဲ့သောတိုင်းရင်းသားလက်နက်ကိုင်များနှင့် ၀န်ကြီးဦးအောင်မင်း အပါအ၀င် အစိုးရအဖွဲ့များဆွေးနွေးပွဲအပြီး မြစ်ဆုံသို့ အလည်သွားရောက်ချိန် အောင်မြင်သာဒေသခံများတန်ဖရဲကျေးရွာသို့ ပြန်လည်နေထိုင်နေသည်ကိုတွေ့ရှိခဲ့သည့် အတွက် မြစ်ကြီးနားအုပ်ချုပ်ရေးတာဝန်ရှိသူများအား သွားရောက်စစ်ဆေးရန် မှာကြားထား သည့် ခြင်းဖြစ်သည့်အ
တွက် အခုလိုသွားရောက်ကြည့်ရှုရခြင်းဖြစ်ကြောင်းလည်းသိရသည်။

“ထိုနေရာကကန့်သတ်နယ်မြေပုဒ်မ ၁၄၄၊ ပုဒ်မ ၁၈၈ ရှိတဲ့နေရာပါ။ ဥပဒေကိုလာရောက် ရှင်းပြတာပါ။ နောက်မှ ပြန်နေရပြီဆိုရင်နေပေါ့။”ဟု မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းထွန်းကဆိုသည်။

အောင်မြင်သာဒေသခံများသည် ၎င်းတို့အားနေရာချနေထိုင်ခိုင်းသည့် ကျေးရွာတွင် လုပ်ကိုင်စားသောက်ရန် အခက်အခဲများစွာရှိနေခြင်းကြောင့် နဂိုကျေးရွာဖြစ် သော တန်ဖရဲကျေးရွာသို့ သွားရောက်ကာလုပ်ကိုင်စားသောက်လျှက်ရှိသည်။