စစ်ပြေးဒုက္ခသည် စခန်းများတွင် ပညာပေးအစီအစဉ်များပြုလုပ်ပေး

Image

မြစ်ကြီးနားမြို့ပေါ်ရှိစစ်ပြေးဒုက္ခသည် စခန်းများတွင် အစားအသောက်နှင့် ကျန်းမာရေးပညာပေး အစီအစဉ်(consumer Education) များပြုလုပ်နေသည်။  အစီအစဉ်ကို ဒေသခံလူငယ်များနှင့် အသင်းတော်အခြေပြု အဖွဲ့အစည်းများမှ ဖွံ့ဖြိုးရေးလုပ်သားများ၊   ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း သိရသည်။

“အဓိကတော့အခုနောက်ပိုင်းမှာလူတွေကအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ရောဂါရလာတာများလာတယ်။ ဒါကြောင့်စားသောက်ကုန်နဲ့ ကျန်းမာရေးဘယ်လောက်ထိတိုက်ရိုက်ဆက်စပ်မူရှိတယ်ဆိုတာကို ပြည်သူလူထုကို သိစေချင်တာပါ။ Ready madeအစားအစာနှင့် အချိုရည်တွေရဲ့ ဆိုးကျိုးတွေကိုသိပြီး ကိုယ့်ပတ်ဝန်းကျင်တွေရှိသော သဘာဝဟင်းသီးဟင်းရွက်တွေရဲ့တန်ဖိုးကိုသိရှိနားလည်လာဖို့အတွက် ပညာပေးတာပါ”ဟု ပညာပေးအစီအစဉ်တွင် ပါဝင်သော ကှိုဇိုင်းဒူကပြောပါသည်။

“ဒီလိုမျိုးကြားရသိရတော့အရင်ကစားခဲ့ လုပ်ခဲ့တာတွေကိုနောင်တရမိတယ်။ ဒီလိုမျိုးဟောပြောပွဲလာလုပ်ပေး တဲ့အတွက်ကြောင့်ပညာတွေတကယ်ရတယ်။ နောက်လည်းဒီလိုမျိုးဟောပြောပွဲတွေနေရာတိုင်းမှာဆက်လက် ပြုလုပ်ရန်တကယ်လိုတယ်” ဟုလာရောက်သင်ယူသူကျွန်းပင်သာစစ်ဘေးဒုက္ခသည်စခန်းမှအသက် (၂၈) နှစ်ရှိ ကိုဇော်ခွန်း  ကပြောပါသည်။

အရင်ကဒီလိုမျိုးအစီစဉ်ကို KBCဖွံဖြိုးရေးဌာနမှ ဦးဆောင်လုပ်ဆောင်ခဲ့ကြာင်း ၊ ၂၀၀၉ခုနှစ်မှ စတင်ပြီး ပွဲလမ်းသဘင်များတွေလည်း ပြခန်းများပြုလုပ်ပြီးပညာပေး အစီအစဉ်များကို  ၀ိုင်းဝန်းစီစဉ်လုပ်ဆောင် မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အခုထိမြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်း (၉) ခုတွင်ပြုလုပ်ပြီးပြီဖြစ်ကြောင်း ဆက်လက်ပြီး ၀ိုင်းမော်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပညာပေးအစီအစဉ်ကို လာရောက်အကူအညီတောင်းသော မည်သူမဆို၊ မည်သည့် အဖွဲ့အစည်းမဆို လူမျိုးမရွေး၊ ဘာသာမရွေးနှင့် ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ရှိကြောင်း ကိုဇိုင်းဒူကဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s