အောင်မြင်သာရွာသားများ ဒုက္ခရောက်

Image

အရင်ကတန်ဖရဲ ကျေးရွာ (မြစ်ဆုံ) မှာ နေထိုင်ပြီးအခုအောင်မြင်သာရွာသစ်သို့ ရွှေ့ပြောင်းနေထိုင်ရသူများသည် အောင်မြင်သာရွာသစ်တွေ ရှာဖွေစားသောက်ရန် အဆင်မပြေသောကြောင့် မြစ်ဆုံသို့လာပြီး လက်ဖြင့် တပိုင်တနိုင်ရွှေကျင်ကြသည်။ လက်ဖြင့် တပိုင်တနိုင်ရွှေကျင်ခြင်းသည် ရှေးယခင်ကတည်းက ရွာသူရွာသားများ၏ ၀မ်းစာကို ဖြေရှင်းပေးခဲ့ရာ ယနေ့ထက်တိုင်ဖြစ်သည်။

“အောင်မြင်သာမှာဘာမှမလုပ်စားတတ်ဘူး၊ ဘာမှလည်းစိုက်လို့မရဘူး၊ စိုက်ရင်လည်းကျောက်ခဲများလို့ အပင်တွေမပေါက်ဘူး၊ ဒါကြောင့်ဒီကို ပြန်လာပြီး ရွှေကျင်နေရတယ်၊ တစ်ရက်ကျပ်ငါးထောင် ခြောက်ထောင် တော့ရတယ်၊ ကြိုးစားရင်ကြိုးစားသလိုရတယ်၊ အရင်ကတော့လူကြီးတွေ ပျော်ပွဲစားလာတဲ့လူတွေအတွက် နေရာရှုခင်းပျက်ဆိုပြီးမကျင်ခိုင်းဘူး၊ အခုစပြီးကျင်တာက သုံးပတ်လောက်ရှိပြီ ဘာမှတော့လာမပြောသေးဘူး” ဟု မြစ်ဆုံတွေ ရွှေကျင်နေသူ အသက် (၃၀) ရှိဒေါ် ကျနားဆိုင်းရာက ဆိုသည်။

“ဒီမှာကငွေရှာလို့လည်းရတယ်၊ ဟင်းသီးဟင်းရွက်တွေလည်းတောတောင်တွေမှာ အလွယ်တကူရှာစားလို့ရတယ်ငါးတွေလည်း မြစ်ကဖေမ်းလို့ရတော့ဝယ်စားစရာမလိုဘူး၊  ကျွန်တော်က အဖေနဲ့     ညီမကိုလုပ် ကျွှေးနေရလို့ ကျောင်းမတက်တော့ဘူး၊အခုကဒီမှာသူငယ်ချင်းတွေနဲ့စုပြီးအိပ်တယ၊် စနေနေ့မှာ အောင်မြင်သာအိမ်ပြန်ပြီးတနလ๎ာနေ့မနက်ပြန်တက်လာတယ်” မြစ်ဆုံတွင် ရွှေကျင်နေသောအသက် (၁၄) ရှိသော မောင်နော်အောန် ကပြောပါသည်။

အောင်မြင်သာရွာသစ်မှာ ကျောင်းရှိသည့်အတွက် ကလေးတွေအတွက်သာ အဆင်ပြေကြောင်း လူကြီးတွေ မှာ ဘာမှမလုပ်စားတတ်ကြောင်း ဒီမှာ ရွှေလုပ်တာ ကျပ် ၅၀၀၀ ရမှ အောင်မြေသာအိမ်ကို၃၀၀၀ ပေးထားလို့ရကြောင်း၊ အသွားအလာ လမ်းစရိတ်မှာ ကျပ်၂၀၀၀ ကုန်ကျကြောင်း  အောင်မြင်သာဒေသခံဖြစ်သော  ကိုဂျာနော် က ပြောကြားခဲ့ပါသည်။

ဒေသခံတွေ လက်ဖြင့် တစ်ပိုင်တနိုင်ရွှေကျင်ခြင်းကြောင့် နေရာဒေသပျက်စီးခြင်းမရှိကြောင်း စားရေးသောက်ရေး အခက်အခဲကြောင့် မြေကြီးအပေါ်ယံတွင် တူးဖော်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် တန်ဖရဲရွာမှအောင်မြေသာရွာသစ်သို့ ၂၀၁၀ နိုဝင်ဘာလလောက်မှ စပြီးရွှေ့ပြောင်းနေထိုင်ရခြင်းဖြစ်သည်။ ထိုအောင်မြင်သာရွာသစ်တွင် လယ်ယာစိုက်ပျိုးရေးမှ အစ အစစအရာအရာ  အဆင်မပြေခြင်းကြောင့် ဒေသခံမှာ အခက်တွေ့နေကြောင်းလည်းသိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s