စစ်ဘေးဒုက္ခသည်စခန်းများ မလုံလောက်

Image

စစ်ဖြစ်ပွားရာကာလတစ်နှစ်ကျော် ငြိမ်းချမ်းရေးဆွေးနွေးတွေ့ ဆုံမူများအကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ၀ိုင်းမော် မြို့နယ်တွင်စစ်ဘေးဒုက္ခသည်စခန်း မလုံလောက်သဖြင့် ၀ိုင်းမော်ကချင်နှစ်ခြင်းဇုံနယ် ဖွံဖြိုးရေးဌာနပိုင်သော ခြံတွင်အဆောင်သစ်များ ထပ်ဆောက်နေရဆဲ ဖြစ်သည်။

“မြို့ထဲကဘုရားကျောင်းတွင်မှာIDP တွေအရမ်းများသွားလို့ ဒီမှာထပ်ဆောက်ရတယ်။ အဓိကတော့ ဟိုမှာ ကျောင်းသားတွေနဲ့မိဘတွေရောပြီးနေနေရတယ်။ လူအများနဲ့ပေါင်းနေရတော့ကျောင်းသားတွေအတွက် အဆင်မပြေဘူး။ ဒါကြောင့်ဒီမှာဆောက်ပြီးသွားရင်တော့မိဘတွေကို ဒီမှာပဲသီသန့်ထားပြီး ကျောင်းသားတွေကို မြို့ထဲက camp တစ်ခုမှာသီသန့်ထားပြီး ပညာရေးအတွက် ဖြေရှင်းပေးမယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျောင်းသားတွေရဲ့ပညာရေးကတော့ထိခိုက်လို့မရဘူး” ဟု ၀ိုင်းမော်မြို့နယ် IDP ကူညီရေးကော်မတီ ဘာသာရေးဆရာ ဦးမရန်ဆင်ဝါးလီ က ဆိုသည်။

အခုထိ အဆောင် ၃ ဆောင်ဆောက်ပြီးပြီ ဖြစ်ပြီး စုစုပေါင်းအဆောင် ၆ ဆောင်ဆောက်မယ်ဖြစ်ကြောင်းလည်းသိရသည်။ အဆောင်ဆောက်ဖို့အတွက် လိုအပ်သည့် ငွေကြေးများကို KBC မှတာဝန်ယူနေပြီး လုပ်အားကိုအနီးတ၀ိုက်ရှိ ရွာများကို အကူအညီတောင်သွားမည်ဖြစ်သည်။ အခုထိဝိုင်းမော်မြို့နယ်တွင် IDP ပေါင်း ၄၀၀၀ နီးပါးလောက်ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s