ဆားမှော်တွင် ပြည်သူ ၆ ဦးကို ရဲများဖမ်းစီး

 ၇.၆.၂၀၁၂  ရက်နေ့ည နှင့် ၉.၆.၂၀၁၂  ရက်နေ့ည ၁၂ နာရီတွင် ဆားမှော်မြို့တွင်းရှိ စစ်ပြေးဒုက္ခသည် ၄ ရောက်နှင့် ဒေသခံ နှစ်ဦးကို ဘာအကြောင်းကြောင့်မသိရှိရပဲ ရဲများက ဖမ်းခေါ်သွားကြောင်း ဒေသခံတစ်ဦး ကပြောပြသည်။

“၇.၆.၂၀၁၂ ရက်နေ့ည ၁၂ နာရီတွင် ရဲအုပ်နှင့် အတူ ရဲသား ၃၀ ယောက်သည် ဆားမှော်နှစ်ခြင်းဘုရားကျောင်းတွင် ရောက်လာတယ်။ ၁၀  ရောက်ကဘုရားကျောင်းအထဲဝင်ပြီး ဓာတ်မီးတွေနဲ့ရှာဖွေစစ်ဆေးရေးပြုလုပ်ခဲ့တယ်။ ကျန်အယောက် ၂၀မှာဘုရှားကျောင်း ပတ်ပတ်လည်တွင်  စောင့်နေတယ်။ ပြီးမှ ဆားမှော် ရပ်ကွပ်(၂) တွင်နေသော ဦးဒဘန်လ နေအိမ်မှ မောင်ဒဘန်မာပွတ်(၈တန်းကျောင်းသား)၊ ၎င်းဘေးနားအိမ်တွေက ဦးမရုအောင်၊ ဦးလဗျမာဒီ နှင့် ရှမ်းအမျိုးသားတစ်ဦး များကို ဖမ်းခေါ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောပြသည်။

၉.၆.၂၀၁၂ ရက်နေ့ည ၁၂ နာရီတွင်လည်း တဖန် ဦးဒဘန်လ(အသက် ၈၇) နှင့် ဦးဘရန်ခွမ်တို့ကို ဖမ်းခေါ်သွားကြောင်းသိရသည်။ ဦးဘရန်ခွမ် မှာ ဖမ်းသွားပြီးနောက်တစ်နေ့ ၁၀ ရက်နေ့တွင် ပြန်လွတ်လာကြောင်း လည်းသိရသည်။

“သူတို့ကို ဘာလို့ဖမ်းလဲမသိဘူး၊ အခုထိလည်း သူတို့ဘယ်မှာရှိမှန်းမသိဘူး၊ တချို့က မိုးညှင်းခရိုင်ကို ရောက်သွားပြီလို့ပြောကြတယ်။ ဒါပေမဲ့အတိအကျ တော့ဘာမှမသိသေးဘူး၊ အခုစုံစမ်းနေတုန်းပဲ” ဟု ဘာသာရေးဆရာတစ်ဦးကပြောပြသည်။

လွန်ခဲ့သော နှစ်ပတ်လောက်ကဆွတ်လျန်ယန်ရွာနားတွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များသည် ဆားမှော်နှင့်မိုးကောင်းမြို့တွင် လာရောက်တည်းခိုနေထိုင်ကြခြင်းဖြစ်သည်။ ဤကဲ့သို့ ဒုက္ခသည်များကို ဖမ်းယူ ခေါ်ဆောင်သွားခြင်းကြောင့် ဒေသခံများနှင့်ဆွေမျိုးများ အလွန်ပင် စိတ်ဆင်းရဲ ပြီး ကြောက်နေကြ ကြောင်းလည်းသိရသည်။ ၂၀၀၈ နိုင်ငံတော် အခြေခံဥပဒေ မှာမှု တရားရုံးမှ ခွင့်ပြုချက်မရရှိပဲ ၂၄ နာရီထက် ကျော်လွန် ကာဖမ်းစီး ထားခွင့်မရှိကြောင်းပါရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s