ဂွေထောက်ရွာတွင် ဂိတ်ကြေးများ ကောက်ခံနေ

မြစ်ဆုံတဖက်ကမ်း အထက်၂ မိုင်လောက်တွင် ရှိသော ဂွေထောင်ရွာ တွင် ခ လ ရ တပ်(၂၁) မှ လမ်းသွားလမ်းလာ လူများကို လွန်ခဲ့သော ၃ လလောက်မှ စပြီး ငွေကြေးများကောက်ခံခြင်း၊ စစ်ဆေးခြင်း၊ ခြိမ်းခြောက် ခြင်းများ ရှိနေကြောင်းသိရသည်။

“ဆိုင်ကယ်တစ်စီးကို ၁၀၀၀၊ ကားတစ်စီးကို ၈၀,၀၀၀ ကောက်တယ်။ သွားလာတဲ့လူတိုင်းကိုလည်း ဘာလူမျိုးလဲလို့မေးတယ်။ ဗမာစကား ကောင်းကောင်း မတတ်သည့် သူများကို ခြိမ်းခြောက်တယ်၊ ကိုယ်ထိလက်ရောက်ဆော်ကားတယ်။ဒါကြောင့်ဘာလူမျိုးလဲလို့ပြောရင်ဗမာလူမျိုလို့ပြောမှဘာမှ ပြန်မပြောတာ”ဟုဒေသခံတစ်ဦး ကပြောပြခဲ့သည်။

ဤဒေသ သည် ရွှေမှော်သွားဖို့ အတွက်ပါ၊ တောင်ယာသွားဖို့ အတွက်ပါ မဖြစ်မနေ ဖြတ် သန်သွားလာရသည့် ဂိတ်တစ်ခုလည်းဖြစ်သည်။ စက်လှေများကို ဂိတ်ကြေးငွေ ကောက်ခံသည် မှာ အရင်ကတည်း က ရှိသော်လည်း အခုလို ကုန်းလမ်းလူသွားလမ်းကို ဂိတ်စောင့်ပြီး ကောက်ခံသည်မှာ ၃ လလောက်ရှိပြီဖြစ်ကြောင်းသိရသည်။ ဤ ဂိတ်ကြောင့် ဗမာစကား ကောင်းကောင်းမပြောတတ် သော သက်ကြီးရွယ်အို များဒေသခံများကြောက်ရွံ့နေကြပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s