မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒုက္ခသည်စခန်းများတွင် ချက်ပြုတ်ရေးအတွက် ခက်ခဲ

Image

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်း မိုးဆက်တိုက်ရွားသွန်းမှုကြောင့် နေရာအနံ့မိုရေးများကြီးနေပြီး စစ်ဘေးဒုက္ခသည်များတွင်လည်း ချက်ပြုတ်စားသောက်ဖို့မီးမွှေးရန် အခက်အခဲများရှိနေကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင် လွန်ခဲ့သော သုံးရက်တိတိ မိုးသည်းထန်စွာရွာပြီး ဒုက္ခသည်များ ချက်ပြုတ်စားသောက်ရေး ဒုက္ခရောက်နေကြသည်။ “ဒီထမင်းချက်တဲ့ နေရာမှာ ရေတွေဝင်လာလို့ ထမင်းအိုးတွေတောင် ရေထဲမျောလာတယ်။ ထမင်းချက်လို့လည်း မရတော့ဘူး။ သူများတွေဆီက ပြာတွေကို ယူပြီးချက်စားရတယ်” လို့ ၀ိုင်းမော်မြို့နယ် ကတ်သလစ်အသင်းတော်ခြံတွင်ရှိ ဒုက္ခသည်စခန်းတွင် နေထိုင်သော ဒေါ်လဖိုင်နန်ဒွဲ မှ ပြောပါသည်။

ဝမ်းလျော၊ ၀မ်းပြတ် ရောဂါတွေ ဖြစ်လာကြောင်း အဆောက်အဦးတွေကို အခုမှ ဆောက်ထားသောကြောင့် ရွှံ့တွေ ဗွတ်တွေနဲ့ အရမ်းကို နေလို့ ခက်ခဲနေကြောင်း ၎င်းကဆက်ပြီးပြောပြခဲ့ပါသည်။

သရက်တော ဒုက္ခသည်စခန်းတွင် နေထိုင်သော အဘွားတစ်ယောက်ကလည်း “ထင်းတွေလည်း အကုန်လုံးစိုကုန်ပြီ။ ဘာမှ လုပ်လို့မရတော့ဘူး။ အိမ်အရမ်းပြန်ချင်တယ်” ဟုပြောပြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s