ဝိုင်းမော်မြို့နယ်အောင်မြေသစ်တွင်မိုးရေကြီးနေ

Image

ဝိုင်းမော်မြို့နယ်  အောင်မြေ(၁) ရွာ တွင် မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် ၁၃ ရက် (ကြာသာပတေး) နေ့စမှပြီး မိုးရေကြီးနေသည်။ မိုးရေကြီးနေသောကြောင့် ဒေသခံများ သွားရေးလာရေး၊ ချက်ပြုတ်စားသောက်ရေး၊ သောက်သုံးရေ၊ အပေါ့ အလေးသွားဖို့ များ အခက်အခဲရှိနေကြောင်းသိရသည်။

“ရေကတက်နေတုန်းပဲ ကျတာမရှိဘူး။ နာရီဝက်မှာ ၁ ပေလောက်တက်တယ်။ စိုက်ပျိုးထားတာတွေလည်း အ ကုန်မရှိတော့ဘူး။ ကြက်တွေ ၀က်တွေလည်း သေတာတွေရှိတယ်” ဟုအောင်မြေ(၁) ဒေသခံတစ်ဦး ဦးရီဝင်းကပြောပြသည်။

“ရေကြီးတာက တကယ်ခံစားရတယ်။ ပစ္စည်းတွေရွှေ့ရတယ်၊ ပုပ်သွားတဲ့ဟာတွေလည်းရှိတယ်၊ တစ်ချိုဟာက မြုပ်သွားတဲ့ဟာ ကမြုပ်၊ ဒီထက်ထကထပ်ကြီးလာရင်တော့ တော် တော် ဒုက္ခရောက်တော့မယ်” ဟုတောင်သူ လုပ်ငန်းလုပ်ကိုင်သူ ဒေသခံ ဦးဂေါဇီရင်က ဆိုသည်။

ရေကဒီထက်ကြီးလာမှာ ကိုစိုးရိမ်နေကြောင်း သို့သော်လည်း ခါတိုင်းနှစ်လိုပဲ ခနတက်ပြီး ပြန်ကျသွား မယ်ထင်ကြောင်း ဒေသခံ ကိုအားချုံ က ဆိုသည်။ ဒီရေကြီးမှုကြောင်း ကျောင်းများပိတ်ထားရသည်။ ၂၀၀၄ ခုနှစ်လည်း မိုးရေကြီးကြီးမားမားရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ခဲ့ဖူးသည်။  အခုတိုင်းပဲမိုးဆက်တိုက်ရွာနေပါက မြစ်ရေပါတက်လာပြီး ဒုက္ခကြီးကြီးမားမားရောက် နိုင်ကြောင့်လည်းသိရသည်။ ဤ အောင်မြေ(၁) ရွာသည် ၀ိုင်းမော်-လိုင်ဇာသွားလမ်း တွင်ဖြစ်ပြီး ၀ိုင်မော်မြို့မှ ၄မိုင်ခန့်တွင်ရှိသောရွာဖြစ်သည်။ ဒေသခံအများပိုင်း မှာတရုတ်များဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s