ဂျန်မိုင်ကောင် စစ်ဘေးဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးအားဖမ်းဆီး

Image

မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်  နှစ်ခြင်းအသင်းတော်ရှိ စစ်ဘေးဒုက္ခသည်စခန်းမှ ဦးဘရန်ရှောင်  အသက်၂၉ နှစ် အား ၁၇ ရက်နေ့  ည ၉ နာရီ အချိန်တွင် အမှတ်(၁) ရဲစခန်းမှူး နှင့် ရယက မှူး ဦးမောင် စုစုပေါင်း ၁၀ ယောက်ကျော် လာပြီး အမှတ်(၁) ရဲစခန်း (ပ) ၁၂၂/၂၀၁၂ ပေါက်ကွဲ(၃) အမှုနှင့်ဆက်စပ် မေးမြန်းနိုင် ရန် အတွက် ရယက သက် သေများနှင့်အတူ ဖမ်းသွားကြာင်းသိရသည်။

ဦးဘရန်ရှောင်သည် ဤဒုက္ခသည် စခန်းမှ အဆောင်မှူး တစ်ယောက်လည်းဖြစ်သည်။ သူသည် ၀ိုင်းမော်- လိုင်ဇာ လမ်းရှိ နိန်ပေါင်(npawn) ရွာ မှဖြစ်ပြီး ဒီ စခန်းကို ရောက်တာ ၁ နှစ်ပြည့်တော့မည်ဖြစ်ကြောင်းသိရသည်။ သူသည်ကလေး ၃ ယောက်ရဲ့ဖခင်ဖြစ်ပြီး နေ့စားအလုပ်လုပ်ကိုင်ရင်း မိသားစု ကို စောင့်ရှောက်နေသူတစ်ယောက်လည်းဖြစ်သည်။ ဗမာစကား ကောင်းကောင်းမပြောတတ်သူလည်းဖြစ် ကြောင်းသိရ သည်။သူသည်အရက်သေစာ အသောက်အစား ကင်းရှင်းသူ တစ်ယောက်လည်းဖြစ်သည်။ ငယ်စဉ်ကတည်းကမိဘများ ဆုံးပါးသွားပြီး သူ့အဒေါ်နှင့်သာ ကြီးပင်ခဲ့သူတစ်ယောက်လည်းဖြစ်သည်။

“မနေ့ည ၉ နာရီလောက်မှာ  လာဖမ်းသွားတယ်။ အမှတ် (၁) ရဲစခန်းမှူးကိုယ်တိုင် လာတယ် သူတို့အားလုံးခြောက်ယောက် လာတယ် ။ ဖောက်ခွဲမှုမသင်္ကာမှု နဲ့လာဖမ်းတယ်လို့ပြောတယ်။ ဧည့်စားရင်မှတ်တမ်းထဲမှာ လည်း အဲလိုပဲရေးထားတယ်။၂၄ နာရီအတွင်း စစ်ဆေးပြီး အပြစ်မတွေ့ရင် ပြန်လွတ် မယ်လို့တော့ပြောတယ်။ ၂၄ နာရီးထိတော့စောင့်ကြည့်ရမယ်။” ဟု ဤဒုက္ခသည် စခန်းတာဝန်ခံ ဦးမရန်လဘုန်ကဆိုသည်။

ဤကဲသို့ စစ်ဘေးဒုက္ခတွင် လာယောက်ဖမ်းဆီး မှုများ ဖြစ်ပွားလျှက်ရှိသောကြောင့် ဒုက္ခသည်များကြောက်ရွံ့နေကြကြောင်းလည်းသိရသည်။ ၂၈.၅.၂၀၁၂ တုန်း ကလည်း ဂျန်မိုင်ကောင် ကက်သလစ် အသင်းတော်ရှိ ဒုက္ခသည်စခန်းမှ ဦးမနမ် ပတ်တူး ကို ဖမ်းဆီးခဲ့သည်။

“သူကဘာမှ မလုပ်ဘူး။ နေ့စားပဲလုပ်ရင်း ကျွန်မတို့ ကိုလုပ်ကျွေးနေတဲ့သူဟုတ်တယ်” ဟု ဦးဘရန်ရှောင် ၏ယောက္ခမ ဖြစ်သူ ဒေါ်ဖောင်ဂျဲထု က ဆိုသည်။

ဖမ်းသွားပြီး နောက်တစ်နေ့ ၂၈ ရက်နေ့တွင် ၎င်း၏ မိန်းမဖြစ်သူ ဒေါ်ဇညွယ်က စခန်းသို့ လိုက်သွားရာတွေ့ခွင့်မပေးကြောင်းသိရသည်။ စစ်ဘေးဒုက္ခသည်များ ဒုက္ခသည်စခန်းတွင်နေတာ လုံခြုံမှုမရှိသလို ခံစား နေရကြောင်း သိရသည်။ ဤ ဒုက္ခသည် စခန်းတွင် စစ်ဘေးဒုက္ခသည်ပေါင်း ၇၀၀ခန့်ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s