ရန်ကုန်လူငယ်များမှ ကချင်ဒေသရှိ ကလေးများအတွက် ရန်ပုံငွေပွဲပြုလုပ်

Image

အွန်လိုင်း ပရဟိတ လူငယ်များအဖွဲ့များမှ ပူးပေါင်းပြီး ကချင်ဒေသရှိ စစ်ဘေးဒုက္ခသည် ကလေးများအတွက် ရန်ပုံငွေ ပွဲကို(၂၄-၆-၂၀၁၂) ရက်နေ့ နေလည် (၁၂း၀၀ မှ ညနေ ၆း၀၀ထိ) ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ တော်ဝင်စင်တာ (၇လွှာ) တွင် ကျင်းပခဲ့သည်။

ဤသို့ကျင်ပရခြင်းရဲ့ရည်ရွယ်ချက်မှာ “ရန်ကုန်မြို့ရှိ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေကြသော အွန်လိုင်းပရဟိတ လူမယ်အဖွဲ့များနှင့် ပရဟိတကို စိတ်ဝင်စားသော ပြည်တွင်း၊ ပြည်ပ မြန်မာလူငယ်များ စုပေါင်းပြီး လက်ရှိကချင်ဒေသရှိ ကျွန်ုပ်တို့၏ သွေးရင်းညီနောင်များရဲ့ ကျောင်းနေအရွယ်ကလေးများ အားလုံးအတွက် ပညာရေး၊ ကျန်မာရေး၊ လူမှုရေး နှင့် စားဝတ်နေရေးတို့အတွက် မိမိတတ်စွမ်းသမျာ ကူညီစောင့်ရှောက်မှု ပေးနိုင်ရန် ရည်ရွယ်၍ မည်သည့်နိုင်ငံရေး၊ ဘာသာရေးတို့နှင့်မှ လုံးလုံးသက်ဆိုင်ပတ်သက်မှု မရှိသည့် အနုပညာ ရန်ပုံငွေပွဲကြီးကို ပြုလုပ်ပြီး မြန်မာ ပြည်မြောက်ဖျားက ကချင်ဒေသသို့ သွားရောက်၍ ပညာရေးရန်ပုံငွေအဖြစ် စုပေါင်းလှူဒါန်းမည် ဖြစ်ပါသည်။” ဟူ၍ဖြစ်သည်။

ဤရန်ပုံငွေပွဲ တွင် ဖျော်ဖြေရေး အစီအစဉ်အဖြစ် G-latt ၊ အောင်လ၊ Wanted၊ ပူစူး၊ သျှီ၊ N-ကိုင်ရာ စသည့် အနုပညာရှင်များ နှင့်အတူ စုဘူးအငြိမ့်တို့မှလည်း မေတ္တာဖြင့် ပူပေါင်းပါဝင်ကူညီ တင်ဆက်ပေးခဲ့သည်။ ထိုပွဲမှ ရရှိသော ရန်ပုံငွေများကို ဇွန်လိုင်လ လဆန်းပိုင်း တွင် ကချင်ပြည်နယ်သို့ သွားရောက်လုဒါန်းသွားဖြစ်ကြောင်း သိရသည်။၎င်းအွန်လိုင်းပရဟိတ များ အဖွဲ့တွင် ပရဟိတ လူငယ်များ အဖွဲ့ ၂၀ ကျော် ပူပေါင်းခြင်းဖြစ်သည်။

ယခုအချိန်တွင် ကချင်ပြည်နယ်ရှိစစ်ဘေးဒုက္ခသည် စခန်းများမှ ကလေးများသည် ကျောင်းစဖွင့်ချိန်ဖြစ်ပြီး ပညာရေးအကူ အညီ များ လိုအပ်နေသည်။ မိုးတွင်းကာလ လည်းဖြစ်သောကြောင့် မိုးကာများ၊ ထီးဖိနပ်များ စသည့်အကူအညီများလည်း လိုအပ်နေဆဲဖြစ်သည်။ ပညာရေးအကူအညီများ သာမက အခြားကျန်းမာရေး၊ လူမူရေး အကူအညီများ လည်းလိုအပ်နေဆဲဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s