မြစ်ကြီးနာမြို့စာသင်ကျောင်းအချို့တွင် ရေဘေးရှောင်သူများရှိနေ

 (၂၃.၆.၂၀၁၂ ) ရက် စနေနေ့မှ စတင် ဆက်တိုက်တက်လာသော ဧရာဝတီမြစ်ကြောင့် (၂၅.၆.၂၀၁၂) တင်္နလာ နေ့မှစတင်ပြီး မြစ်ကြီးနားမြို့ အထက(၁)၊ အထက (၅) နှင့် ဇီးလွန် အထက ကျောင်းများတွင် ရေဘေးတိမ်းရှောင်နေသူ ၆၀၀ လောက်ရှိနေကြောင်းသိရသည်။

အထက(၁) စာသင်ေImageကျာင်းတွင် တည်းခိုးနေသော သူများမှာ ရမ်ဘူ၊ မြို့သစ်ကြီး ရပ်ကွက်ဘက်မှဖြစ်ပြီး အထက(၅) တွင် တည်း ခိုနေသူများမှာ စီတာပူ မနောကွင်း ယဉ်ကျေးမှုအကစားကွင်းဘက်မှ ဖြစ်ကြောင်းသိရသည်။ အခုချိန်တွင် ဇီးလွန် အထက ကျောင်းကိုပိတ်ထားရသည်။ ၂၀၀၄ ခုနှစ် ရေကြီးတုန်း ရေးဘေးတိမ်းရှောင်သူများသည် ဇီးလွန်ဘုရားကျောင်းတွင် တိမ်းရှောင်နေထိုင်ရသော်လည်း ယခုအချိန်မှာမှု ဤ ဘုရားကျောင်းတွင် စစ်ဘေးတိမ်ရှောင်သူများနှင့်ပြည့်နေသော ကြောင့် စာသင်ကျောင်းတွင် သာ တည်းခိုနေရခြင်းဖြစ်သည်။

မြစ်ကြီးမြို့ ၏ စိုးရိမ်ရေအမှတ်မှာ (၁၂၀၀) ဖြစ်ပြီး၊ ယခုမှာ (၁၁၇၀) အမှတ်ထိ ရောက်နေပြီဖြစ်သည်။ အခုထိမိုးများဆက်လက်ရွာသွန်း နေမှုကြောင့် ဤစိုးရိမ်မှတ်ထိ ရောက်လာမှာကို ဒေသခံများက စိုးရိမ်နေကြောင်း မြစ်ကြီးနား သီတာရပ်ကွက်မှ ဒေသခံတစ်ဦးကပြော ကြားသည်။

ဤရေဘေးတိမ်းရှောင်သူများကို ရေမရောက်သေးသော ရပ်ကွပ်ဆီမှ ထမင်းထုပ်များ ကောက်ခံပြီး ဝေငှနေကြောင်းသိရသည်။ ဤကဲ့သို့ရေကြီးမှုသည် ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ခဲ့ဖူးသည်ဖြစ်သည်။

ယခုရေကြီးမှုမှာ ၂၀၀၄ ခုနှစ်တုန်းကလောက် မကြီးသေးကြောင်း သို့သော်လည်း မိုးဆက်တိုက်ရွာနေရင်တော့ တော်တော် စိုးရိမ်ရမယ့် အခြေအနေ အချိန်အခါမရွှေး ရောက်လာနိုင်ကြောင်းလည်းသိရသည်။ ဧရာဝတီ အထက်ဘက် တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင်း အခုလိုပို ၍ဆိုးလာသည်ဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးထံမှ သိရသည်။ အခုအချိန်မှာ ဧရာဝတီမြစ်ရေကြီးမှုသည် တက်လည်းမတက်ကျလည်း မကျဘဲ ငြိမ်နေကြောင်း လည်း၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s