CPI မှတာဝန်ရှိသူများရွာများကိုစည်းရုံးရေးဆင်း

Image

မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရန် အတွက် CPI ကုမ္မဏီမှ ကောကိမ်းလျောင်( ဒါရိုက်တာ နှင့် ဒုအထွေထွေမန်နေဂျာ)နှင့် တာဝန်ရှိသူများ စုစုပေါင်း ၁၀ ယောက်ကျော် မြစ်ဆုံရွာနှင့် အောင်မြင်သာရွာဒေသခံများ အိမ်သို့ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ဇွန်လိုင် (၁) ရက်နေ့မှစတင်ကာ စည်းရုံးရေးဆင်းကြောင်း CPIကုမ္မဏီ နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သော ဒေသခံတစ်ဦးကဆိုသည်။

“မင်းတို့ဒေသခံတွေ ဒီရေအားလျှပ်စစ် စီမံကိန်းလုပ်တာကို သဘောမတူဘူးလား။ မင်းတို့ သဘောတူရင် မင်းတို့ကို လိုလေသေးမရှိအောင် ကူညီပေးမယ်။ မင်တို့ဘယ်လိုသဘောရလဲ” ဟု CPI ကုမ္မဏီမှ ကောကိမ်းလျောင် (ဒါရိုက်တာ နှင့် ဒုအထွေထွေမန်နေဂျာ) က ဒေသခံများအား မေးမြန်စည်းရုံးခဲ့ကြောင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဒေသခံတစ်ဦးကပြောပြသည်။

အောင်မြင်သာတွေရှိသော အိမ်သစ်များသည် သူတို့CPI တွေဆောက်ထားပေးတာဖြစ်ကြောင်း ပြောကာ ၎င်းအိမ်များ ဘုရားကျောင်းများ၏ ခိုင်ခံမှုအခြေနေများကိုပါ ဆက်လက်မေးမြန်းသွားကြောင်းသိရသည်။

“ဒီမြစ်ဆုံစီမံကိန်း ပြီးသွားပြီဆိုရင် မင်းတို့ဘာမှပူစရာမလိုတော့ဘူး။ အခုက ငါတို့အားလုံးကြိုးအားပြီး တောင်တက်နေတာ တောင်ထိပ်မရောက်သေးဘဲ တောင်အလယ်မှာပဲရပ်နေရသလိုဖြစ်နေပြီ။ တောင်ထိပ်သွားရောက်သွားမယ်ဆိုရင် ငါတို့အားလုံးပျော်ပြီ။ အခုက မင်းတို့နဲ့ငါတို့ကဒုက္ခရောက်နေတယ်။ လူဆိုတာ ဒက္ခရောက်နေတာကို ကျော်လွှားနိုင်ပြီးမှ ပျော်ရွှင်မှုကို ရတာ” ဟုCPI မှ ဆက်လက်ပြောကြားသွားကြောင်းကိုလည်းသိရသည်။

ဤမြစ်ဆုံစီမံကိန်းအား ၂၀၁၁ စက်တင်ဘာ (၂၃) ရက်နေ့တွင် နိုင်ငံသမ္မတ ဦးသိန်းစိန်က သူ၏ သမ္မတ အာဏနှင့်ရပ်ဆိုင်းထားခြင်းဖြစ်သည်။ CPI သည် ထိုကဲ့သို့ဒေသခံများအား စည်းရုံးရေးဆင်းကာ မြစ်ဆုံစီမံကိန်းအား တရားဝင် ပြန်လည်လုပ်ဆောင်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s