မြစ်ကြီးတွင် ဆန္ဒပြလမ်းလျှောက်

Image

ဇွန်လ ၁၇ ရက် ကဖမ်းဆီးသွားသော ဂျန်မိုင်ကာင်းနှစ်ခြင်းအသင်းတော် စစ်ရှောင်စခန်းမှ လထော်ဘရန်ရှောင်အား ဇွန် ၂၇ ရက်နေ့တွင် KIA တပ်ကြပ်ကြပ်ကြီးဖြစ်ကြောင်း ဖြောင့်ချက်ယူကာ အခုအချိန်ထိ ထောင်ကြီးတွင်သာ ထားရှိကာ မတရားညှင်းပန်း နှိပ့်စက်မူများပြုလုပ်နေသာကြောင့် ဂျန်မိုင်ကောင်း နှစ်ခြင်းအသင်းတော်မှ ဦးဆောင်ကာ မြစ်ကြီးမြို့ တွင် (၆၊၇၊၂၀၁၂) ရက်နေ့ မနက် ၉နာရီ ၁၅ မိနစ်မှ စတင်ကာ ၁၂နာရီ ၂၀ မိနစ်ထိ ဆန္ဒပြလမ်းလျှောက်ခဲ့သည်။

ဤဆန္ဒပြပွဲတွင် ပါဝင်သူများမှာ စုစုပေါင်း ၁၁၀၀ နီးပါးဖြစ်သည်။ ဂျန်မိုင်ကောင်းနှစ်ခြင်းအသင်းတော်မှ ၅၀၀ ထိုစစ်ရှောင်စခန်းမှ ၅၀၀ နှင့် ( KBC) ကချင်နှစ်ခြင်းအသင်းတော်မှ လူငယ်များမှာ ၁၀၀ ဖြစ်သည်။

“နောက်ဒီလိုမျိုးမတရားတဲ့ဟာတွေကို ထပ်မလုပ်အောင်ရည်ရွယ်တယ်။ အစိကတော့ ဒီဘရန်ရှောင် ဘာလုပ်မလုပ်တဲ့လူကို သူဟုတ်တယ်ဆိုပြီး မတရားစွပ်စွဲတယ်။ အေးလိုလုပ်တာက မတရားဒါနဲ့တူတူပဲ။ အေးဒီ မတရားတာကို တရားအောင် လုပ်ဆောင်ပေးဖို့တောင်းဆိုတာပဲဒီနေ့က” ဟု ကချင်းနှစ်ခြင်းအသင်းတော် အတွင်းရေးမှူးချုပ် ဒေါက်တာ ခါလမ်ဆမ်ဆွန်က ပြောသည်။

“အစိကတော့ ဘရန်ရှောင်ကို လွတ်ပေးဖို့အတွက်က အစိကပဲ။ ပြီးတော့ စစ်ရှောင်စခန်းတွေမှာ လိုက်ဖမ်းဆီးတာတွေကို ရပ်ပေးဖို့။ နိုင်ငံတော်သမ္မတဦးသိန်းစိန်သာမက  တစ်ကမ္ဘလုံးထိ ဒီလိုသတင်းကို ပျံနှံချင်လို့အခုလိုလုပ်တာ” ဟု KBC  လူငယ်တာဝန်ခံ ဆရာအင်ခွမ်တန်ဂွန်းကအားပါးတရပြောပြသည်။

 တကယ်လို့ဘရန်ရှောင်ကို မလွှတ်ပေးဘူးဆိုရင် KBC အသိုင်းအ၀ိုင်းတစ်ခုလုံး ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အခု အသင်းတော် တစ်ခုကသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဤသို့ပြုလုပ်မည့်အစီအစဉ်ကို ၀န်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတ ထိ စာတင်ထားပြီးဖြစ်ကြောင်း ဆရာ အင်ခွမ်တန်ဂွန်းတ ဆက်လက်ပြောကြားခဲ့ပါသည်။

“အခုလိုဒီဆန္ဒပြပွဲမှာ ပါဝင်ခွင့်ရလို့တကယ်ခံစားရတယ်။ ငိုလည်းအရမ်းငိုချင်တယ်။ ငြိမ်းချမ်းရေးအမြန်ရပြီး ကိုယ့်အိမ်ကို  အမြန်ပြန်နေချင်တယ်။ ဘရန်ရှောင်က လည်းတကယ် ဘာမှ မလုပ်တဲ့လူကောင်း တစ်ယောက်ဖြစ်တယ်။သူနဲ့အတူနေတာကြာလာပြီး

ဆိုတော့သူမှာ ဘာမှ အပြစ်မရှိကြောင်းကျွန်မတို့အားလုံးသိတယ်။ သူကို အမြန်လွှတ်ပေးဖို့တောင်းဆိုချင်တယ်” ဟု ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းတွင် ရောက်တာ တစ်နှစ်ရှိပြီးဖြစ်သော ဒေါ်ခေါင်နော က ငိုပြီးပြောပြသည်။

ဤဆန္ဒပြလမ်းလျှောက်မှုကို ဂျန်မိုင်ကောင်းနှစ်ခြင်းအသင်းတော်  စစ်ရှောင်စခန်းတွင် ဆုတောင်းဝတ်ပြုကာ ထိုစခန်းမှ စတင်ထွက်ခွာလာပြီး အုပ်ချုပ်ရေးရုံးနှင့် ဆေးရုံးလမ်းထောင့်တွေ တစ်ခေါက် ရပ်ကာ အစိုးရတွေတရားမျှတစွာ စီရင်နိုင်ရန်အတွက် ဆုတောင်းပေးခဲ့သည်။

ထိုနေရာမှ မြို့တော်ခန်းမလမ်းမှာ ပိတ်ထားသောကြောင်း ဆေးရုံးလမ်းခွဲလမ်းမှ ဆက်လျှေက်ပြီး စရဖရုံး နှင့် တရားရုံးများတွင် ပြန်လည်စုဝေးကာ အစိုးရတွေအတွက် ဒေါက်တာ ခါလမ်ဆမ်ဆွန်က အစိုးရတွေအတွက်ဆုများတောင်ပေးခဲ့သည်။ ၁၂နာရီ ၂၀ မိနစ်ခန့် တွင် ပြီးဆုံးခဲ့သည်။

ဤဆန္ဒပြလမ်းလျှောက်မှုကို အခြားဒေသခံများ ၁၅၀၀နီးပါးခန့်က လက်ခုတ်တီးပြီး နောက်ကနေဆိုင်ကယ်များ ကားများဖြင့်လိုက်ကာ လိုက်လံအားပေးခဲ့ကြသည်။ ရဲကားတစ်စီးမှာလည်း နောက်ကနေ လုံခြုံရေးစောင့်ကာ လိုက်ပေးခဲ့သည်။ အခြားဘာပြသာနာမှ မဖြစ်ဘဲ အေးချမ်းစွာပြီးဆုံးသွားခြင်းဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s