CPI နှင့် NGO အကြီးအကဲများတွေ့ဆုံ

Image

မြစ်ကြီးနားစီတာပူရပ်ကွက်ရှိ BENCA ရုံးတွင် CPI အကြီးအကဲများနှင့် မြစ်ကြီးနားတွင်းရှိ NGO အကြီးအကဲများ ဇွန်လိုင်၃ ရက်နေ့နံနက်၁၀နာရီမှ ၁၂နာရီထိ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဤဆွေးနွေးပွဲတွင်  CPI အဖွဲ့မှ ၅ ဦးလာပြီး NGO အဖွဲ့များမှ ၁၁ လာကာ စုစုပေါင်း ၁၆ ယောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် CPI ကုမ္မဏီမှ ကောကိမ်းလျောင် (ဒါရိုက်တာ နှင့် ဒုအထွေထွေမန်နေဂျာ) က စကားပြန်နှစ်ဦးနှင့် NGO အဖွဲ့များ၏လုပ်ဆောင်ချက်များကို ထိုအဖွဲ့များလုပ်ဆောင်နေသော လုပ်ငန်းများကို တစ်ဦးချင်းအား သေးစိတ်မေးမြန်သွားခဲ့သည်။ CPI မှ ကျန်နှစ်ယောက်မှာ  စကားလုံးဝ ပြောခြင်းမရှိဘဲ အသံဖမ်းစက်ဖြင့် အသံဖမ်းယူရင်း NGO အဖွဲ့များမှ ပြောကြားချက်များကို အချိန်ပြည့် လိုက်ရေးနေ ခဲ့သည်။ CPI အဖွဲ့သည်   NGO အဖွဲ့များအား သူတို့မေးမြန်ပြီး ပြန်သွားခဲ့သည်။ မြစ်ဆုံအကြောင်းမှာ တစ်ခွန်းမှ ပြောခြင်းမရှိခဲ့ပါ။

NGO အဖွဲ့မှ သူတို့အားမေးခွန် တစ်ခွန်းနှစ်ခွန်း မေးချင်ကြောင်း CPI အဖွဲ့အား အချိန်နည်းနည်းပေးဖို့တောင်း ဆို ခဲ့ရာ CPI  အဖွဲ့မှာအချိန်မရှိသောကြောင်း သူတို့လာခြင်းသည် မြစ်ကြီးနားရှိ NGO အဖွဲ့များ၏ အကြောင်းကိုသိချင်သောကြောင်း လာခြင်းဖြစ်ကြောင်း CPI ကုမ္မဏီမှ ကောကိမ်းလျောင် (ဒါရိုက်တာ နှင့် ဒုအထွေထွေမန်နေဂျာ) ဆိုသည်။ ဤသို့ပြောပြီး ပြန်သွား ခဲ့သည်။

ဤသို့တွေ့ဆုံဆွေးနွေးမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ အခုကဲ့သို့ CPI အဖွဲ့များ လာပြီး NGOအဖွဲ့များနှင့် တွေ့ဆုံကာ သူတို့လိုချင်သော အကြောင်းအရာ များကို မေးမြန်းသွားခြင်းသည် စဉ်စားစရာ အချက်တစ်ခုတစ်ကြောင်း ဤတွေ့ဆုံပွဲတွင်  သက်ရောက်သူ တစ်ဦးကဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s