Unity Journal မီဒီယာ ကျင့်ဝတ်နှင့်ကိုက်ညီမှုရှိသလော

Image

၂၀၁၂ ဇူလိုင်လ ၁၄ ရက်နေ့ထွက် Unity ဂျာနယ်တွင် လွန်ခဲ့ ၆ ရက်နေ့က ဆန္ဒပြလမ်းလျှောက်ခဲ့မှု အပေါ် အမှန်တရားကို မသိသောပြည်သူများ ၊ ဗမာနှင့်ကချင်လူမျိုများ ကြား နားလည်မှုလွဲ နိုင်သောစကားလုံးတွေကို သုံးစွဲထား ကြောင်းရှေ့နေဦးမာခါး ကဝေဖန်ထောက်ပြခဲ့ပါသည်။

ဦးလထော် အား စ ရ ဖ မှ မတရား နှိပ်စက်ကာ ဖြေင့်ချက်ယူထားဖြင်းဖြစ်သည်။ ဤသို့ယူထားသော ဖြောင့်ချက်ကို အခုဒီ Unity Journal တွင် “အမည်မမှတ်မိ၊ ဗမာလူမျိုး အသားညိုညို၊ အရပ်မြင့်မြင့်၊ အသက် ၂၃ ခန့်၊ အရပ် ၅ ပေ ၄လက်မ ရှိသော လူတစ်ဦးအား တုတ်ဖြင့်ရိုက်သတ်ခဲ့ကြောင်း” ရေးသားထုတ်ဖော်ခြင်းသည် အမှန်တရားကို မသိနားမလည်သူများနှင့် ဗမာလူမျိုးများမှ ကချင်လူမျိုးမျာကို မုန်းတီးစိတ် ဖြစ်ပေါ်လာအောင်ရည်ရွယ် ရေးသားခြင်း ရောက်ရှိနေကြောင်း  “ဦးလထော်ဘရန်ရှောင်၏ ထွက်ဆို ၀န်ခံချက်များကို မြ၀တီ ရုပ်မြင်သံကြားသတင်း အစီအစဉ် တွင် အသေးစိတ် ရှင်းလင်းတင်ပြ ထားခြင်းကို မကြားမသိ၍ သဘောရိုးဖြင့်ဆန္ဒပြခြင်းလော” ဟုရေးသားဖော်ပြထားခြင်းသည် မြ၀တီ ရုပ်မြင်သံကြားသတင်းတွင် ထုတ်လွတ်ပြသခဲ့သည့် အချက်များသည် အမှန်တရားများ ဖြစ်သည့်ဟု ထောက်ခံနေသလိုဖြစ်နေပါကြောင်း “ဆန္ဒပြ ကြသူများတွင် ဘာသာရေးခေါင်းဆောင်များနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၏ ဆွေမျိုးသားချင်းများ ပါဝင်နေခြင်းအပေါ် အစိုးရအဖွဲ့အနေဖြင့် လျစ်လျူရှု လက်ပိုက် ကြည့်နေမည်လော”  ဟုရေးသားထားခြင်းသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည့် ဘာသာရေးဆရာများနှင့် ဆန္ဒထုတ်ဖော်သည့်ပြည်သူများအား အစိုးရ အဖွဲ့မှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုအပေါ် မည်သည့် အတွက်ကြောင့် အရေးယူမှု မပြုလုပ်ရသနည်းဟု ပြသာနာကို ဖန်းတီးသည့် စကားလုံးဖြစ်နေပါကြောင်း ရှေ့နေ ဦးမာခါးက ဆက်လက်ရှင်းပြခဲ့ပါသည်။

ပြည်သူများကြားတွင် မေးခွန်းမြောက်များစွာ ထွက်ပေါ် ဝေဖန်လျက်ရှိကြောင်းကိုသာ ရေးသားထားပြီး မည့်သည့် ပြည်သူကမည်ကဲ့သို့သော ပုဂ္ဂုလ်များက ဝေဖန်း မေးခွန်းများ ထုတ်ဖော်နေသည်ကို ထုတ်ဖော်ရေးသားခြင်းမရှိခြင်းသည် မီဒီယာ ကျင့်ဝတ်နှင့်ကိုက်ညီခြင်းမရှိခြင်းကြောင်း ဤသတင်းရေးသားသူ  စိုင်းထိန်လင်း ၏ရေးသားဖော်ပြထားခြင်းသာဖြစ်သည် ဟု မှတ်ယူရမည်သာဖြစ်သည်။

ဤဆန္ဒပြမှု အကြောင်းသည် ပြည်တွင်းဂျာနယ် တစ်ခုမှာမှ ဖော်ပြေခြင်းမရှိသေးပါ။ အခုဒီ Unity ဂျာနယ်တွင်သာ ဖော်ပြခြင်းဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s