အစိုးရစစ်သားများ ၆ တန်းကျောင်းသူအား သေနတ်နှင့်ပစ်

Image

၂၀၁၂ ဇွန်လှိုင် ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် ဂွတ်ခိုင်မြို့ နယ် ဟူးဖြတ်( နမ်ကစ်) ကျေးရွာတွင် အစိုးရတပ်သားများက ၁၄ အရွယ်ရှိ ကျောင်းသူလေးမ ဆိုင်းဘူ အား သေနတ် နှင့် ပတ်ခတ်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်က သူ( မဆိုင်းဘူ) သည် ကျောင်းမှ ပြန်လာပြီး ညီမငယ်လေး ဆိုင်းပီနှင့် အတူ အိမ်မှာ ရှိနေသည်။ သူက ခြံတွေ ၀က်စာရှာနေ စဉ်  အပြင်မှာ ခွေး ဟောင်သံတွေကြားကာ အပြင်ကို ကြည့်လိုက်သည်။ ထိုသို့ကြည့်လိုက်စဉ် အစိုးရ တပ်သား အဖွဲ့တစ်ဖွဲ့ ရွာ ထဲသို့ ၀င်လာတာကို  တွေ့လိုက်ကာ ကြောက်သဖြင့် အိမ်သို့ဝင်ပြီး တံခါပိတ်ကာ အိမ်တွင်းမှာ ပုန်းနေခဲ့သည်။ ထိုသို့ပုန်းနေစဉ် စစ်သားများ လာကာ တံခါးဖွင့် မဖွင့်ရင် သေနတ်နဲ့ပစ်မယ်ဟုဆိုကာ ညီမငယ်က တံခါးသွားဖွင့်စဉ် စစ်သားများက မဆိုင်းဘူးအား သေနတ်နဲ့ ပစ်ခဲ့သည်။ဒဏ်ရာမှာ  ရင်ဘတ် နို့နှစ်ဖက် နှင့် ဒူအပေါ် နှစ်ဖက်ပေါက်သွားတဲ့ အထိဖြစ်ကြောင်း ဒေသခံတစ်ဦးမှ တဆင့် သိရသည်။

“ အိမ်တံခါးဖွင့်တာနဲ့ ဘာစကားမှ မပြောဘူး။ မေးလေးမမေးဘူး။ စစ်သားများက တစ်ခါးတည်း မဆိုင်းဘူးကိုသေနတ်နဲ့ ပစ်တာတဲ့။ သုံးကြိမ် ပြစ်တာ။ နို့နှစ်ဖက် လုံး နှင့် ပေါင်အပေါ်မှာ ဟိုဖက် ဒီ ဖက်  ပေါက်သွားတယ်။ မဆိုင်းဘူးတောင် ဒဏ်ရာ ကြီးလွန်းတော့ သတိမေ့သွားတယ်။ ဆေးရုံ ရောက်မှ သတိရတယ်။” ဟု ဒေသခံတစ် ဦးကဆိုသည်။ ထိုနေ့တွင် မဆိုင်းဘူးနှင့် အတူရှိနေသော ညီမအငယ် မဆိုင်းပီမှာ ကြောက်ပြီး ထွက်ပြေးသွားရာ အခုချိန်ထိ ရှာလို့ မတွေ့ သေးကြောင်းသိရသည်။

“ ကျွန်မက ထိုနေ့က တောင်ယာသွားတယ်။ သေနတ်သံတွေကြားနေရတော့ ကြောက်ပြီး စောစောပြန်မလာဘူး။ ကျွန်မပြန်လာတော့ စစ်သားတွေ အိမ်က ထမင်းအိုးတွေ ဓားနဲ့ခုတ်ပြီး ခွဲထားပေးတယ်။ တအိမ်လုံးကို သူတို့ ကြိုက်သလို မွှေနောက်သွားတယ်။ ကျွန်မတို့အဖေ(ပထွေး) ၏ အ၀တ်အစား တွေ လည်းယူဝတ်သွားတယ်။ စစ်သားတွေပြောတော့ အဖေက အိမ်ကနေ သေနတ်နဲ့ သူတို့ကို ပစ်နေလို့ သူတို့ အခုလိုပစ်ရတာတဲ့။

အဖေ က အိမ်မှာ တောင်မရှိဘူး။” ဟု ဆိုင်းဘူး၏ အစ်မဖြစ်သူ အဘောက်က ပြောပြသည်။

သူတို့မောင်နှမအားလုံး ၇ ယောက်ရှိပြီး မိဘများမရှိကြတော့ပါ။ သူတို့ ပထွေးနှင့်သာ နေထိုင်နေခြင်းဖြစ်သည်။

ထိုသို့ ဖြစ်ပွားရာ နေ့တွင် အစ်မများမှာ လယ်ယာသို့သွားသောကြောင့် အိမ်တွင် သူတို့ ညီမ နှစ်ယောက် မဆိုင်းဘူး နှင့် မဆိုင်းပီး သာကျောင်းကနေ ပြန်လာပြီး  အိမ်မှာ ကျန်ခဲ့ခြင်းဖြစ်သည်။

“အခုက ရွာကို လည်း မပြန်ခြင်းတော့ဘူး။ အရမ်းကြောက်တယ်။ စစ်သားမြင်ရင်လည်း အရမ်းကြောက်သွားပြီး။ ရွာက  အိမ်မှာ မနေချင် တော့ဘူး” ဟု မဆိုင်းဘူးက ဆိုသည်။

မဆိုင်းဘူးသည် အခုလာရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည်။ စစ်သားများကလည်း ပိုက်ဆံ တစ်သိန်း(၁၀၀၀၀၀)  လာရောက်ပေးခဲ့ကြောင်းသိရသည်။

“ကလေးဖြစ်မှန်း မျက်စိနှင့် မြင်ရလျှက်သားနဲ့ ပစ်တာ ကတော့ တမြင်ကို ကြံ  ပြီး ပစ်တာပဲ။ သူတို့ တမြင် ကို ပစ်တယ် လို့ ပြောလို့ရတယ်” ဟု ဒေသခံ တစ်ဦးကဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s