ထောင်ဝင်စာတွေ့ရန် စစ်ဘေးဒုက္ခသည်များ ငွေကြေးခက်ခဲနေ

မြစ်ကြီးနား စစ်ရှောင်စခန်းမှ ပုဒ်မ၁၇/၁(မတရားအသင်းဆက်သွယ်မှု) အမူဖြင့်ဖမ်းစီးထားခံရသော သားနဲ့တူ အားရုံးချိန်းသွားတွေ့ရန် နှင့်ထောင်ဝင်စာသွားတွေ့ရန် ဆွေမျိုးသားရင်း အိမ်သူအိမ်သားများမှာ စစ်ရှောင်စခန်းတွင်သာနေထိုင်လျှက်ရှိသောကြောင့် ငွေကြေးအခက်အခဲများ ကြုံနေရကြောင်း စစ်ဘေးဒုက္ခသည် နှစ်ဦးပြောပြသည်။

“ရုံးချိန်းတစ်ခါသွားရင် ၁၀၀၀၀(တစ်သောင်း) ကုန်တယ်။ တစ်လကို ၅ ကြိမ်လောက်သွားရတယ်။ ထောင်ဝင်စာက တစ်ခါသွားရင် သုံးဘီးကား ခတွေ ဘာတွေနဲ့ဆိုရင် ၁၅၀၀၀(တစ်သောင်းခွဲ) လောက်ကုန်တယ်။ ပိုက်ဆံခက်ခဲသော်လည်း တစ်လကို (၄)ကြိမ်ကြိုးစားပြီးသွားနေတယ်။ ကျွန်မလည်း camp မှာပဲနေတော့ ပိုက်ဆံကတပြားမှမ၀င်ဘူး။ အရင်အပတ်က ပိုက်ဆံနည်းနည်း ရရင်လည်းရဆိုပြီး သူများ လယ်ယာမှာ စပါးစိုက်ဖို့ နေ့စားသွားလုပ်တယ်။ တစ်နေ့ကို ၂၅၀၀ ရတယ်။ အခုတော့ ကျွန်မကပြန်ဖျားနေပြီ။ မိုးတွေမိတာများလို့ထင်တယ်။ နေ့စားလုပ်လို့ရတာက ကျွန်မဆေးပြန်ကုတာတောင်မလောက်ဘူး။သားအတွက်တော့ ပိုက်ဆံကလို ကျွန်မက ပြန်ဖျား အရမ်းစိတ်ညစ်နေရတယ်” ဟုမြစ်ကြီးနား camp တစ်ခုတွေနေထိုင်နေသူ သက်ကြီးရွယ်အိုအဖွား ဖမ်းခံရသူတစ်ဦး ၏အမေဖြစ်သူ ကဆိုသည်။

“ထောင်ဝင်စာ သွားတွေ့တိုင်းလည်း ကော်ဖီမစ်တွေ ၀ယ်သွားရတယ်။ ထောင်ထဲမှ အိပ်ဆောင်တန်းစီးကို ပေးရတယ်တဲ့။ အေးလိုပေးမှ ရေချိုး၊ အပေါ့သွားတွေ ကောင်းကောင်းသွားလို့ရတယ်တဲ့။ အခုကဖျားလည်းဖျားနေတယ်တဲ့။ ဆေးတစ်ခါးထိုးရင် ၅၀၀၀ တဲ့။ ၁၀၀၀ က ထောင်ဝန်ထမ်းကို ပေးရတာတဲ့။ အိပ်ယာဝယ်ဖို့လည်း ၅၀၀၀၀(ငါးသောင်း) လိုတယ်တဲ့။ သားက အဓိက တောင်ဥသြ ဒဏ်ကြေဆေး တွေမှာတယ်။ အရင်ဖမ်းခံရစဉ်ခါက စရဖ တွေနှိပ့်စက်မှုတွေကြောင့် အတွင်းဒဏ်ရသွားတယ်ထင်တယ်” ဟုနောက် ၁၇/၁ ဖြင့်ဖမ်ခံရသူတစ်ဦး၏ အဒေါ်မြစ်ကြီးနားစစ်ရှောင်စခန်းရှိ အမျိုးသမီးတစ်ဦး ကဆိုသည်။

သူတို့နှစ်ဦးစလုံးသည် သူတို့အိမ်ကိုယ်စီအား ရှာဖွေပြုစုနေသူများဖြစ်သည်။ သူတို့မိသားစုများမှာလည်း ၎င်းတို့နှစ်ဦး ရှာဖွေတာကိုသာ  မှီခိုနေရသူများဖြစ်သည်။ သို့သော်လည်းအခုတော့ သူတို့နှစ်ဦးက ဖမ်းခံသွားရသည် သာမက မိသားစုများကိုယ်တိုင်လည်း camp များတွင်သာ နေထိုင်လျှက်ရှိသောကြောင့် ၀င်ငွေမရှိသူများဖြစ်သည်။

အခုအချိန်ထိမြစ်ကြီးနားမြို့နယ်တွင် ၁၇/၁ ဖြင့် ဖမ်းစီးခံထားရသူစုစုပေါင်း ၆၀ ခန့်ရှိကြောင်းလည်းသိရသည်။ အချို့ကိုမူ ပုဒ်မ ၁၇/၁ဖြင့် ဖမ်းစီးထားခြင်းဖြစ်သော်လည်း ယင်းပုဒ်မဖြင့်အပြစ်ရှာမတွေ့သော် နောက်ပုဒ်မတစ်ခု ရှာကြံပြီး ထပ်စွဲ ကာ ထောင်ဒဏ်ချခဲ့မှုများလည်းရှိကြောင်းသိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s