မြစ်ကြီးနားမြို့တွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်

Image

ဒီနေ့ စက်တင်ဘာ ၂၁ နေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် မြစ်ကြီးနားမြို့တွင်ရှိသော စီတာပူကစ်သလစ်အသင်းတော် စိန်ပတ်တရိတ်(စ်)ဘုရားရှိခိုးကျောင်း၊ မြစ်ကြီးနား NLD ရုံး နှင့် စီတာပူနှစ်ခြင်း အသင်းတော်ရှိ ဒုက္ခသည် စခန်းများတွင်  အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ ၀တ်ပြုဆုတောင်းပွဲ အစီအစဉ်များ ပြုလုပ်မည်ဖြစ်သည်။

            “ဒီနေ့တနိုင်ငံလုံးရှိ အနုပညာရှင်များ၊ လူငယ်များ အဖွဲ့အစည်းများ အားလုံးသူ့နေရာနဲ့သူ ငြိမ်းချမ်းရေးအတွက် အစီအစဉ်များ လုပ်နေတယ်၊ ကျွန်မတို့လည်း ကျွန်မတို့ဒီကချင်ပြည်နယ်ငြိမ်းချမ်းရေး အတွက် အာလုံးပူပေါင်းဆောင်ရွက် ခြင်းဖြစ်တယ်” ဟု အစီအစဉ် ဦးဆောင်သူတစ်ဦးဖြစ်သော ဆရာမ ဒေါ်ဂျာဆိုင်းခေါန်က ပြောပြသည်။

            အခုလုပ်တဲ့အစီအစဉ်ကို မြစ်ကြီးနားမြို့တွင် ရှိသော လူမှု့အဖွဲ့အစည်း ပေါင်းစုံ ပူပေါင်းပါဝင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ် (MCC) မှ ၀တ်ပြုဆုတောင်းခြင်းအစီအစဉ်ကို ဦးဆောင်ခြင်းဖြစ်သည်။ သို့သော်ရန်ကုန်မှ နေပြည်တော်သို့သွားဖို့စီစဉ်ထားတဲ့ ကား ၅ စီးကို သွားခွင့်မပြုကြောင်းလည်းသိရသည်။

            “ငြိမ်းချမ်းရေးဆိုတာ နှစ်ဖက်အစိုးရနဲ့ပဲသက်ဆိုင်တာ မဟုတ်ဘူး၊ ပြည်သူတွေအားလုံးနဲ့သက်ဆိုင်တယ်၊ ဒါကြောင့် လူမှုအဖွဲ့အစည်း တွေ အလုံးလည်း ပါဝင်လုပ်ဆောင်ဖို့လိုအပ်တယ်။ အေးဒါကြေင့်အခုလိုပူပေါင်းလုပ်ဆောင်ခြင်းဖြစ်တယ်” ဟုဆရာမဒေါ်ဂျာဆိုင်းခေါန်က ဆက်လက်ပြောပြပါသည်။

            ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ၁၉၈၁ က စပြီး UN မှ စတင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ၁၉၈၂ မှ စတင်ကာ အနောက်တိုင်းနိုင်ငံများတွင် စတင်နေသော်လည်း မြန်မာနိုင်ငံတွင် သတိမထားမိခဲ့ကြပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s