၈၈ကျောင်းသားခေါင်းဆောင်များ ဖားကန့်ဒေသရှိ နှစ်ဖက်အစိုးရခေါင်းဆောင်နှင့်တွေဆုံ

ဖားကန့်ဒေသသို့သွားရောက်ခဲ့သော ကိုမင်းကိုနှိင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များသည် KIA မှ တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၆)၊ တပ်ရင်းမုး ဒုတိယဗိုလ်မုးကြီးဇော်ဒွဲ နှင့် တပ်မတော်မှ ဒုတိယဗိုလ်မုးကြီး သန်းဌေး ယာယီစစ်ဗျူဟယမုး (မပခ) အမှတ်(၂) များနှင့် တွေ့ဆုံခဲ့ကြသည်။ သို့သော် အသေးစိတ် ဆွေးနွေးသည့် အကြောင်းအရာများကို မသိရှိရပါ။

စစ်တင်ဘာ ၁၇ ရက် ညမှာလည်း ဒေသရှိကချင်လူငယ်များနှင့်ညစာ အတူစားပြီး မိတ်သဟာရ ပြုပြီး လက်ရှိအခြေအနေများကို ဆွေးနွေးတိုင်ပင်မှုပြုလုပ်ခဲ့သည်။

ပြီးတော့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဖားကန့်မြို့နှင့် မိုးကောင်းမြို့များ တွေ ငြိမ်ချမ်းရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံများနှင့်အတူ ငြိမ်ချမ်းရေးတောင်းဆို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးခြင်းကို ကချင်ပြည်နယ်အနံ့ လုပ်ဆောင်သွားမှာဖြစ်ပြီး၊ ထိုလက်မှတ်ထိုးထားသည့် စာရွက်များကို နိုင်ငံတော်သမ္မတ၊ KIO အစိုးရ နှင့် လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း တို့ဆီ ပေးပို့သွားမှာဖြစ်ကြောင်းသိရသည်။

လမ်းတလျှာက် KIA တပ်သားများနှင့် တရင်းတနှီး နုတ်ဆက်ခဲ့ပြီး လုံခင်းအ၀င်လယ်ပြင်တွင် ထောင်ချီသော ဒေသခံများ ကြိုဆိုခဲ့ပြီး ကိုမင်းကိုနိုင်နှင့်အတူတူ“ ဖားကန့်ဒေသ ငြိမ်းချမ်းပါစေ၊ ကချင်ပြည်နယ် ငြိမ်ချမ်းပါစေ၊ ပြည်ထောင်စုကြီး ငြမ်းချမ်းပါစေ” ဟု အော်ဟစ် ခဲ့ကြပါသည်။

          “ကိုမင်းကိုနှိင်တို့အဖွဲ့ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟုဒေသခံများ ဆုတောင်ပေးခဲ့ကြပါသည်။ ကျောင်းသားခေါင်းဆောင်များသည် ၁၉ ရက်နေ့တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာသွားခဲ့သည်။

                   Image

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s