မဂျာဆိုင်းအိန် ဖြစ်ရပ်အား နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံ လူအခွင့်အရေးကော်မရှင်သို့တိုင်မည်

၁၃.၉.၂၀၁၂ ရက်နေ့ညနေ ၄ နာရီခန့်တွင် ဖားကန့်မြို့နယ် မော်ဝမ်းအုပ်စု(၁) ဆွတ်ငိုင်ယန် ရပ်ကွက်မှ ၉ တန်းကျောင်းသူ တစ်ဦးဖြစ်သော မဂျာဆိုင်းအိန်အား ကျောင်းမှ အပြန် လမ်းတွေ တပ်မတော်သားများ၏ သေနတ်ကျည်ဆံထိကာ အသက်ဆုံးသွားခဲ့သော ဖြစ်ရပ်နှင့်ပတ်သက်ပြီးစုံစမ်း စစ်ဆေးအရေးယူပေး ပါရန်နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားထားပြီဖြစ် ကြောင်း အသက်ဆုံးပါးသွားခဲ့သော မဂျာဆိုင်းအိန် ၏ ဖခင် ဖြစ်သူ ဦးရှယမ်ဘရန်ရှောင်က ပြောပြသည်။

            “နိုင်ငံတော်သမ္မတကို စာတင်တယ်ဆိုတာ အခုတပ်မတော် ကပြည်သူလူထု နှင့်ကျောင်းသူကျောင်းသားတွေ အပေါ်မှာ ရန်သူသဖွယ်ဆက်ဆံတယ်။ ဒါကြောင့်မှု  တပ်မတော် ဟာ ပြည်သူလူထုကို ကာကွယ်ပေးတဲ့တပ်မတော်  ကျောင်းသားတွေကို ကာကွယ်တဲ့ တပ်မတော် ဖြစ်စေချင်တယ်။ဒါက ရည်ရွယ်ချက်တစ်ခုပေါ့။ နောက်ပြီးတော့ဒီ သမီးဟာနောက်နောင် ဘယ်လိုမျောလင့်ချက်တွေ ရှိလာမည့်သမီးဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဒါကြောင့် ဒီ တန်ဖိုးမဖြတ်နိုင်သော ကျွန်တော်တို့သမီးရတနာလေး ဆုံးရူံးခဲ့ရတဲ့ အပေါ်မှာ နိုင်ငံတော်အစိုးရက လေးလေး နက်နက်စဉ်းစားပေးဖို့  ဒီနှစ်ချက်ကို အဓိက တင်ပြခြင်းဖြစ်တယ်”  ဟု ဦးရှယမ်ဘရန်ရှောင်ကဆိုသည်။

            ဖြစ်စဉ်မှာ မဂျာဆိုင်းအိန် မှာ သူငယ်ချင်း ၄ ယောက် ဆရာမ တစ်ယောက် နှင့် ကျောင်းကနေ ပြန်လာခင် လမ်းတွေ တပ်မတော်သားများ  အချင်းချင်းဖြစ်ခတ် မှုများ ရှိနေခဲ့သည်။ ထိုသို့ဖြစ်ခတ်မှုများ ကြောင်း ကြောက်ကာ လမ်းဘေးရှိအိမ်တစ်အိမ်သို့  ၀င်ကာ ၀ပ်နေစဉ်  တပ်သား များ၏ ကျည်ဆံထိကာ ဒဏ်ရာရနေခဲ့သည်။ ဒဏ်ရာရခဲ့သည့် ချက်ခြင်းဆေးရုံးသွားဖို့  စီစဉ်ခဲ့သော်လည်း သေနတ်သံမျာ မဆဲသေးပဲ စစ်သားများ ဆက်တိုက် ပစ်ခတ်နေမှုကြောင့် ၃ နာရီလောက်နောက်ကျကာ မှ သွားခဲ့ရသည်။ ဆေးရုံသို့ရောက်ပြီး မကြာခင် သွေးပေါင်ချိန်ကျသွား ကာ အသက်ရှုံးခဲ့ရသည်။

            ထို့အခင်းဖြစ်ပွားခဲ့သည့်နေတွင် မိုင်းစ ထိ သူ ၈ ယောက်၊ သေနတ် ကျည်ဆံ ဒဏ်ရာရသူ ၂ စုစုပေါင်း ၁၀ ယောက်ဒဏ်ရာရခဲ့သည်။ ထို ၁၀ ယောက်မှ မဂျာဆိုင်းအိမ် တစ်ယောက်မှာ အသက်ဆုံးရှုံးခဲ့ရသည်။ ကျန်ဒဏ်ရာ ရသူများမှာ အခု အချိန်ထိ ဖားကန့်ဆေးရုံနှင့် မြစ်ကြီးနား ဆေးရုံတွင် ဆေးကုသ ခံယူနေကြသည်။

            အဆိုပါတိုင်စာ ကိုမူ နိုင်ငံတော်မ္မတ၊ ကချင်ပြည်နယ်ဝန်ကြီး၊ မြှောက်ပိုင်းတိုင်း တိုင်းမူး၊ ဖားကန့်ဗျူဟာမူး သို့ဆီ ၂၆.၉၂၀၁၂ နေ့ကပင် ပေးပို့ထားပြီးဖြစ်သည်။ နောက်တိုင်စာ တစ်ခုကိုမူ လူအခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သမ္မတ  တို့ဆီ၂၈.၉.၂၀၁၂ ရက်နေ့တွင် ပေးပို့သွားမယ်ဖြစ်ကြောင်းသိရသည်။

            ရှေ့ဆက်ပြီး ရှေ့နေများနှင့်တိုင်ပင်ကာ ရဲစခန်းသို့ အမှုတိုင်ကြားသွားမယ်ဖြစ်ကြောင်း သိရသည်။အခုအချိန်တွေလည်း ဖားကန့်ဒေသအနီးတွင် စစ်ပွဲများ ပြန်လည်စတင်တိုက် စတင်တိုက်ခိုက် ဖြစ်ပွားလျှက်ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s