အောင်မြင်သာ ရွာသားများ ရေကာတာ ပြိုကျမှုကြောင့် ရေအခက်အခဲကြုံနေ

Image

အောင်မြေသာစံပြကျေးရွာသစ်ကို ကျိန်ခရန်ချောင်းရေဘေး အန္တရာယ်မှ ကာကွယ်ပေးရန် CPI နှင့် အေးရှားဝေါလ် ကမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ထားပေးသော ရေကာတာ သည် ၂၀-၂၁၊ ၉၊ ၂၀၁၂ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာပေါက်ကာ ရွာထဲသို့သွယ်ပေးထားသော ရေပိုက်များ ပျက်စီးသွားသဖြင့် သောက်ရေ သုံးရေများ ခက်ခဲနေကြောင်းသိရသည်။

အောင်မြေသာရွာတွင်သုံးနေသော ရေသည် ကျိန်ခရန်ချောင်းမှ ရေပိုက်များဖြင့်သွယ်ယူ သုံးစွဲနေကြခြင်းဖြစ်ကြောင်း အောင်မြေသာရွာသည် အရင်က ကျိန်ခရန်ရေစီးဆင်းရာ ရေလမ်းကြောင်းဖြစ်ကြောင်း ထိုရေလမ်းကြောင်းကိုမှ ရေကာတာဖြင့်ပိတ်ကာ  မိုးသည်းထန်စွာရွာသော နေ့တွင် မှု ရွာထဲသို့ရေ၀င်လာကာ ဒေသခံရွာသားအချို့ ရေဘေးတိမ်းရှောင်းခဲ့ရကြောင်း ဒေသခံက တစ်ဦးကပြောကြားသည်။

“၂၁ ရက်နေ့ညဖြစ်သွားတယ်။ ပိုက်တွေ ကအကုန်လုံးပျက်စီး သွားသောသောက်ရေလည်းမရှိဘူး။ သုံးရေလည်းမရှိဘူး။ ရေက အခုပြက်လပ်နေတယ်။ ဘယ်သူမှ အခုချိန်ထိ လာကူညီတာ မရှိသေးဘူး။ တကယ်လို့  ၃၊ ၄ ရက်သာ ဆက်ရွာရင် ကျွန်မတို့ရွာကတော့ မြုပ်နိုင်တယ်။ အကုန်လုံးသေဖို့ပဲရှိတယ်။ ဆက်တိုက် ၃ ရက်လောက်ထပ်ရွာရင် ဘယ်ကို ထွက်ပြေးရမှန်းတောင်သိမှာ မဟုတ်ဘူး။” ဟု အောင်မြေသာ ဒေသခံတစ်ဦးဖြစ်သူ ဒေါ်လုရာက ဆိုသည်။

မြစ်ဆုံဒေသရေလွမ်းမိုးဧရိယာဖြစ်သောကြောင့်ပြောင်းရွှေ့ခံရသော ဒေသခံများမှာ အခု ဧရာဝတီမြစ် ဒဏ်ကို မခံရပဲ၊ ကျိန်ခရန် ချောင်း၊ မိုး ရေဒဏ်ကို ခနခနခံနေရခြင်းဖြစ်သည်။

အခုပိုပြီး ခက်ခဲနေသည်မှာ အိမ်သာ ကိစ္စဖြစ်ကြောင်း ချောင်းရေ၀င်လာပြီး တချို့အိမ်များမှာ အခုထိရေ၀ပ်နေသေးသည်။ ထို CPI နှင့် ASIA WORLD တို့မှ ပူပေါင်းတည်ဆောက်ထားသော ရေကာတာသည်  မြေဖို့ကုန်းဘောင်သာဖြစ်သည်။ ဇွန် လ တွင်လည်း အခုကဲ့သို့ မိုးရေကြီးမှု အောင်မြင်သာဒေသခံများ ကြုံခဲ့ဖူးသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s