ရေပိုက်လှိုင်းများ နှင့် ရေကာတာ များပြုပြင်ပေးမှုမရှိ

 မြစ်ဆုံစီမံကိန်းကြောင့်ယာယီပြောင်းရွှေ့ ရွာဖြစ်သော အောင်မြင်သာ စံပြကျေးရွာ နှင့် မလိယန်ကျေးရွာ သို့ရေပေးဝေ လျှက်ရှိသော ရေကာတာ နှင့် ရေပိုက်လှိုင်းများ လွန်ခဲ့သော စက်တင်ဘာ ၂၀၊၂၁ ရက်နေ့မိုးရေကြီးမှုကြောင့် ပျက်စီးသွားရာ  အခုထိ ASIA WORLD နှင့် CPI တို့မှ မြန် မြန်ပြုပြင် ခြင်းမရှိသောကြောင့် ဒေသခံများ ရေအခက်အခဲဖြစ်ကာ သောက်ရေသန့်ဝယ်သောက် နေရကြောင်းသိရသည်။

            “မြစ်ကြီးနားကနေ သုံးဘီးနှင့် ရေလာရောင်းတာ ရှိတယ်။ အေးဒီ ရေသန့်ကိုပဲ ၀ယ်သောက်နေရတယ်။ ရေသန့်တစ်ဗူး ၉၀၀ ဆိုတဲ့ဈေးနှုန်းက အရမ်းများတယ်ဗျ။ ပိုက်ဆံမရှိသေးတဲ့ လူတွေက တော့ တော်တော်တော့ စွန့်စားရမှာပေါ့။” ဟု အောင်မြင်သာဒေသခံ ကို မုန်ဆန်က ပြောသည်။

            အခုက သူတို့ASIA WORLD တွေ ကာတစ်စီးနဲ့ လုပ်နေကြောင်း သို့သော်လည်း ရေကန်အသေးသာ ဖြစ်ကြောင်း အိမ်ခြေ ၃၀၀ ကျော်ကိုပေးနေတဲ့ ဂါလံ ၂၀၀၀၀၀( ၂ သိန်း) ကန်မှာ မပြုလုပ်သေးကြောင်း၊ သူတို့လုပ်နေသည့် ပုံအတိုင်းဆိုရင် အနည်းဆုံး ၂ လလောက်ကြာနိုင်သေးကြောင်း ကို မုန်ဆန်ကဆက်လျှက်ရှင်းပြသည်။

            အောင်မြင်သာရွာထိပ်ရှိ ပြိုပျက်သွားသည့်ရေကာတာမှာ ကျိန်ခရန် ရေဘေးမှ ကာကွယ်နိုင်ရန် ASIA WORLD မှ ဆောက်လုပ်ပေးထားခြင်းဖြစ်သည်။ ရေကာတာ ဆိုသော်လည်း သဲကျောက်များအား ပုံထားခြင်ပင်ဖြစ်သည်။ ထိုရေကာတာ ပျက်သွားပြီး ရွာထဲသို့ရေ၀င်ကာ ဒေသခံများအချို့ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများ တွင် တည်ခိုခဲ့ရသည်။ အခုအချိန်တွင် အောင်မြင်သာဒေသခံများသည် တစ်မိုင်ကျော် နှစ်မိုင်လောက် ဝေးတဲ့ ချောင်းမှ ဆိုင်ကယ်၊ စက်ဘီးများနှင့် သယ်ယူသုံးစွဲနေကြသည်။

            အောင်မြင်သာရွာ၏ တစ်ဖက်ကမ်းတွေရှိသည် ပြောင်းရွှေ့ ရွာဖြစ်သော မလိယန် ကျေးရွာတွင်လည်း အောင်မြင်သာ စံပြရွာနှင့် အလားတူပင် ရေအခက်အခဲပြသနာတွေ့ကြုံနေကြသည်။

            “ရေပိုက်ပျက်သွားတာ တစ်ပတ်လောက်ရှိပြီ၊ ပိုက်ဆံမရှိသေးလို့မပြင်သေးဘူး။ ရေပိုက်ပြန်ပြင်ဖို့အတွက် တစ်အိမ်ထောင်ကို ၁၀၀၀ စီကောက်တယ် တစ်ချို့အိမ်တွေဆို ဒီ ၁၀၀၀ တောင် မထည့် နိုင်ကြဘူး၊ ပိုက်ဆံအခက်အခဲဖြစ်တော့”ဟု မလိယန် ဒေသခံ တစ်ဦးက ပြောသည်။

ထိုမလိယန်ကျေးရွာတွင် လည်း လွန်ခဲ့သော မိုးကြီး ရွာသွန်းမှု ရွာထဲသို့ပေးပို့နေသော ရေပိုက်လှိုင်းများ ပျက်စီးသွားကာ အခက်အခဲဖြစ်နေကြသည်။ ထိုပိုက်လှိုင်အား ပြန်လည်ပြုပြင်ရန် မလိယန် ကျေးရွာရှိ တစ်အိမ်ထောင်တွေ ၁၀၀၀ ကောက်နေကြကြောင်း သိရသည်။

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s