အောင်မြင်သာဒေသခံများ အိမ်ထောင်စု များနှင့် မှတ်ပုံတင် လ၀က ပြန်မပေး

အောင်မြင်သာ စံပြကျေးရွာတွင် ယာယီနေထိုင်လျှက်ရှိသော ဒေသခံများ ၏ မြို့နယ် လ ၀ က ရုံးမှ အိမ်ထောင်စု ၃၃၀ ခု နှင့် မှတ်ပုံတင် များ အသစ်ပြန်လုပ်ပေးမည်ဟု ဆိုကာ သိမ်းယူသွားရာ တစ်ဝက်ကြော်လောက်မှာ အခုထိ ပြန်ရသေးကြောင်း သိရသည်။

                        “ ၁၇ ၊၉၊၂၀၁၁ နေ့မှာ မှတ်ပုံတင်နဲ့အိမ်ထောင်စုတွေကို အသစ်ပြန်လုပ်ပေးမယ်ဆိုပြီးသိမ်း သွားတယ်။ တစ်ချို့တစ်ဝက်လောက်က တော့ ပြန်ရပြီ။ ကျွန်မတို့ကတော့ ပြန်မရသေးဘူး။ ၉ တန်း ၁၀ တန်း ကျောင်းသား ကျောင်းသူတွေ ကျောင်းပြောင်းတဲ့အချိန်မှာ အိမ်ထောင်စုတွေယူသွားရတယ်။ အခုမှတ်ပုံတင်လည်း မရသေးဘူး။ ဆိုတော့ အခက်အခဲတွေ ရှိတယ်ပေါ့။ နောက်ပြီး တော့ အခုက နိုင်ငံရေးအခြေအနေလည်း မကောင်းတော့ ကျွန်မတို့ကို စစ်လား မေးလား ဖြစ်လာတဲ့အချိန်မှာ ဒုက္ခဖြစ်လာနိုင်တယ်။ ဧည့်စာရင်း တိုင်ရမည်လို့တော့ပြောတယ်။ ဧည့်စာရင်တိုင်ရမယ် ဆိုလည်း ဧည့်သည် လား အိမ်ရှင်လား မသိဘူး။ အိမ်ထောင်စုမရှိတော့ ကျွန်မတို့မတိုင်လည်း ရတာပေါ့။ ဒီလိုမျိုအခြေအနေကြောင့် ကျွန်မတို့ အိမ်ထောင်စု မရှိမဖြစ် ဖြစ်နေတယ်။” ဟု အခုထိ အိမ်ထောင်စု ပြန်မရသေးသူ အောင်မြင်သာ ဒေသခံ ဒေါ် လုရာ က ပြောသည်။

ထိုအိမ်ထောင်စုများကို အရင် မြစ်ဆုံ တန်ဖဲ၊ လဖျဲ့(ပဒန်ပါ)၊ မလိဇွပ် နှင့် အေစရှိသည့်ရွာနာမည်များနှင့် ဖြစ်ရာ အခုအောင်မြင်သာ ရွာသစ် တွင် နေထိုင်လျှက်ရှိသော ကြောင့် အောင်မြင်သာ ရွာ အမည်နှင့်  အိမ်ထောင်စု မှတ်ပုံတင် အသစ်ပေးမည်ဟုဆိုကာ မြို့နယ် လ ၀ က မှ ၁၇၊၉၊၂၀၁၁ တွင် လာရောက်သိမ်းသွားခြင်းဖြစ်သည်။ ထိုသိမ်းသွားရ ၃၃၀ အိမ်ထောင်စုနှင့် မှတ်ပုံတင်များ မှ  တစ်ဝက်ကျော် လောက် မှာ အခုထိမရရှိသေးခြင်းကြောင်း ခရီးသွားခြင်း နှင့် ကျောင်းသားများ ကျောင်းရွှေ့ပြောင်းခြင်း အစရှိသည့် အချိန်များတွင် အခက်အခဲဖြစ်ကြောင်းသိရသည်။

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s