မြစ်ကြီးနားတွင် ပထမဆုံးအကြိမ်လူ့ အခွင့်အရေးဆိုင်ရာ ဟောပြောပွဲကျင့်ပ

၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲ အခမ်အနားကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ မနောကွင်း၊ မဂျွယ်ခန်းမတွင် နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီအထိ၊ ဒီဇင်ဘာလ ၁၀ရက်နေ့ တွင်ပြုလုပ်ခဲ့သည်။
အစီအစဉ်ကို ကချင်ပြည်နယ်အခြေစိုက် ဒေသခံ အရပ်ဖက်အဖွဲ့အစည်းပေါင်း (၁၁) ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှကိုယ်စားလှယ် ဦးလဖိုင်ဇော်ဂွန်းတက်ရောက်ခဲ့သည်။ အ ဖွင့်ပွဲ မိန့်ခွန်းကို ကချင်ပြည် နယ် လူမှုရေး၊ ယဉ်ကျေးမှုနှင့်ပညာရေး ၀န်ကြီး ဒေါ်ဘောက်ဂျာမှ မြွတ်ကြားပြီး မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ဥက္ကဠ ဦးဝင်းမြ မှ ပေးပို့သော သဝဏ်လွှာကို ဦးလဖိုင်ဇော်ဂွန်းမှဖတ်ကြားကာ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသော သိမှတ်ဖွယ်ရာအကျဉ်းကို ဦးလဖိုင်ဇော်ဆမ်မှ ဟောကြားခြင်းပါသည်။ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာ တေးသီချင်းများ ကဗျာများကို သီဆိုခြင်း၊ ရွတ်ဆိုခြင်း များလည်းပြုလုပ်ခဲ့သည်။ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ပြခန်းများလည်း ပါဝင်ကာ စာအုပ်များကို ရောက်ရှိလာသူများကို အခမဲ့ဝေငှခဲ့သည်။ အခမ်းအနားသို့ ငှာနဆိုင်ရာ ၀န်ထမ်းများ၊ ရှေ့နေများ၊ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ပဂုလ် များနှင့် စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသခံပြည်သူများ (၇၀၀)ခန့် တက်ရောက်ခဲ့ကြသည်။ ယခု အခမ်းအနားသည် ကချင်ပြည်နယ်တွင် ပထမဦးဆုံးကျင်းပသော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s