KIO ကိုယ်စားလှယ်များအား လိုင်ဇာဒေသခံများ (၄) ထောင်ခန့်ကြိုဆို

Kachinwaves3

မြစ်ကြီးနားမှ ယနေ့ ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီ ထွက်ခွာလာသော KIO ကိုယ်စားလှယ်များ ညနေ (၃) နာရီခန့်တွင် လိုင်ဇာမြို့သို့ရောက်ရှိကာ ဒေသခံများ (၄) ထောင် ခန့်အားပါးတရ ကြိုဆိုခဲ့ကြသည်။

KIO ကိုယ်စားလှယ်များမှ လည်း ဒေသခံများနှင့် တွေ့ဆုံကာ ဆွေးနွေးပွဲရလာဒ်များအား ရှင်းလင်းပြောပြခဲ့သည်။

မြစ်ကြီးနားမှ ယနေ့ ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီ KIO ဆွေးနွေးပွဲ ကိုယ်စားလှယ်များအား ကုလအထူးကိုယ်စားလှယ် Mrs. Maria၊ လွတ်တော်အမတ် နှစ်ဦး ဦးခက်ထိန် နန် နှင့် ဒေါ်ဒွဲဘူ ၊ PCG အဖွဲ့၊ ကချင်ရပ်မိရပ်ဖ နှင့် ကချင် လူငယ်များ အင်းအား ၈၀၀ ခန့်သည် နမ်ဆန်ယန်အထိ လိုက်လည်လိုက်ပို့ခဲ့ကြသည်။

လူငယ်များမှာ မြစ်ကြီးနားမှ ဆိုင်ကယ်အောင်မြေ (၂) အထိလိုက်ပို့ ခဲ့ပြီး ကချင်ရပ်မိ ရပ်ဖအချို့ မှာ နမ်ဆမ်ယန်အထိ ကားများဖြင့် လိုက်လည် လိုက်ပို့ခဲ့သည်။ မြစ်ကြီးနားမြို့မှ အောင်မြေ(၂) အထိ လမ်းတစ်လျှောက် ဒေသခံများ စောင့်ကြို နှုတ်ဆက်ခဲ့ကြသည်။ မြစ်ကြီးနားမြို့မှဆိုင်ကယ်အစီးရေ (၃၀၀) ခန့်နှင့် ကားအစီးရေး (၁၀၀) ခန့်ရှိသော ကားတန်းများဖြင့် မြစ်ကြီးမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ KIO ကိုယ်စားလှယ်များအားကြိုဆို နှုတ်ဆက်ရင်း တောင်းဆိုမှုအချို့ပြုလုပ်

Kachinwaves

ဆွေးနွေးပွဲ ပြီးဆုံးကာ မြစ်ကြီးနားမှ လိုင်ဇာသို့ ထွက်ခွာခဲ့သော KIO ကိုယ်စားလှယ်များအား ၀ိုင်းမော်မြို့နယ်တွင် အယောက် ၈၀ ခန့်ရှိ သော ရှမ်းတိုင်းရင်းသားများ ရှမ်းဝတ်စုံ ၀တ်ဆင်ပြီး ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ KIO ကိုယ်စားလှယ်များအား စောင့် ကြိုနှုတ်ဆက်ခဲ့ရင်း နှစ်ဖက်အစိုးရအား တောင်းဆိုမှု အချို့ပြုလုပ်ခဲ့ ကြသည်။

ရှမ်းတိုင်းရင်းသားများသည် အပစ်အခတ်ရပ်စဲရေး အမြန် လက်မှတ် ထိုးပေးရန်၊ငြိမ်းချမ်းရေးအဖွဲ့ ကျန်းမာပါစေ၊ ဖမ်းဆီး ခံထားရသော တိုင်းရင်းသားများအား ပြန်လွတ်ပေးရန်၊ စိုက်ပျိုးမြေတွင် ထောင်ထားသော “မိုင်း” များအား ပြန်ဖော်ထုတ်ပေးရန်၊ကချင်ပြည်နယ်တွင်းရှိ ရှမ်းမျိုးနွယ်စုများအား ပေါ်တာဆွဲခြင်း၊ စစ်သားအဖြစ် စုဆောင်းဖြင်းမှ ရပ်တန့်ပေးရန် နှင့် အကြောက်တရားကင်းစွာ လယ်လုပ်ခွင့် ပြုရန်စသည့် ဆိုင်းပုဒ်များကိုင်ဆောင်ရင်း နှစ်ဖက်အစိုးရအား တောင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့က ဆန္ဒပြတာလည်း မဟုတ်ဘူး။ လူကြီးတွေ ပြန်တဲ့လမ်းကို တားဆီး ပိတ်ပင် တာလဲ မဟုတ်ဘူး။ ဒါကျွန်တော်တို့ရဲ့ ဆန္ဒတွေ ကို သိခွင့်ပေးလိုက်တာပဲ။ အပစ်အခတ် အမြန်ရပ်စဲ မှ ကျွန်တော်တို့ အေးအေးချမ်းချမ်းလယ် လုပ်ချင်တယ်။” ဟု ဦဆောင်ပါဝင်သူ ဦးဆန်းဝေက ဆိုသည်။

အဆိုပါ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည့် ရှမ်းတိုင်းရင်းသားများဟာ တာလောကြီး၊ ခပ်ချို၊ မိုင်းနာနှင့် ၀ိုင်းမော်မြို့ရှိသော ရှမ်းတိုင်းရင်းသား ဒေသခံများ ဖြစ်ကြသည်။
KIO ဒုဗိုလ်ချုပ်ဂွန်မော်က လည်း ရှမ်းတိုင်းရင်းသားများ တောင်းဆိုသော အပစ်အခတ်ရပ်စဲရေး လက်မှတ် အမြန်ထိုးပေးပါ ဆိုသည့် အချက်အပေါ် “ ကျွန်တော်တို့လည်း ဒါတောင်းဆိုနေတာကြာပါပြီ။ အစိုးရနှင့် ကျွန်တ်ာတို့ KIO ဆက်လက် ညှိနိုင်းသွားမှာပါ။” ဟု ပြောဆိုခဲ့သည်။