အောင်မြင်သာဒေသခံများ မြစ်ဆုံဒေသတွင် အခြေချမနေထိုင်ရန်သတိပေး

Image

အောင်မြင်သာဒေသခံများ မြစ်ဆုံဒေသသို့ ပြန်လည်နေထိုင်ခြင်းရှိမရှိ မြစ်ကြီးနား မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများမှလာရောက်စစ်ဆေးပြီး ပြန်လည်အခြေချနေထိုင်သူများအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုနိုင်ကြောင်း တန်ဖရဲ (မြစ်ဆုံ) ကျေးရွာတွင် ပြန်လည်နေထိုင်ကာ လုပ်ကိုင်စားသောက်နေသည့် ဒေသခံများအား ပြောဆိုခဲ့ကြောင်းသတင်းရရှိသည်။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် လာရောက်စစ်ဆေးချိန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ခင်းဗျားတို့ကိုနေစရာနေရာပေးထားပြီးပြီ။  ဒီမှာနေလို့မရတော့ဘူး”ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားကြောင်းအောင်မြင်သာဒေသခံတစ်ဦးမှဆိုသည်။

ယခုအကြိမ်သည် ပထမလာရောက်စစ်ဆေးခြင်း ဖြစ်ပြီး နောက်ပြန်လာကြည့်သည့်အခါ အတည်တကျနေထိုင်သူများအား ခံဝန်ကတိထိုးခိုင်းပြီး ဖြစ်ကြောင်းနှင့် ခံဝန်ကတိထိုးပြီး ပြန်လည်နေထိုင်သူများအားပုဒ်မ ၁၈၈ ဖြင့် ဖမ်းစီ မည်ဖြစ်ကြောင်းပြောဆိုသွားသည်ကိုလည်း ဒေသခံတစ်ဦးမှ ဆက်လက်ဆိုသည်။

“အိမ်ပြန်ဆောက်။ ကြက်၊၀က်တွေမွေးပြီး နေလို့မရဘူးလို့ပြောတယ်”ဟုဒေသခံတစ်ဦးမှဆိုသည်။

နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပခဲ့သောတိုင်းရင်းသားလက်နက်ကိုင်များနှင့် ၀န်ကြီးဦးအောင်မင်း အပါအ၀င် အစိုးရအဖွဲ့များဆွေးနွေးပွဲအပြီး မြစ်ဆုံသို့ အလည်သွားရောက်ချိန် အောင်မြင်သာဒေသခံများတန်ဖရဲကျေးရွာသို့ ပြန်လည်နေထိုင်နေသည်ကိုတွေ့ရှိခဲ့သည့် အတွက် မြစ်ကြီးနားအုပ်ချုပ်ရေးတာဝန်ရှိသူများအား သွားရောက်စစ်ဆေးရန် မှာကြားထား သည့် ခြင်းဖြစ်သည့်အ
တွက် အခုလိုသွားရောက်ကြည့်ရှုရခြင်းဖြစ်ကြောင်းလည်းသိရသည်။

“ထိုနေရာကကန့်သတ်နယ်မြေပုဒ်မ ၁၄၄၊ ပုဒ်မ ၁၈၈ ရှိတဲ့နေရာပါ။ ဥပဒေကိုလာရောက် ရှင်းပြတာပါ။ နောက်မှ ပြန်နေရပြီဆိုရင်နေပေါ့။”ဟု မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းထွန်းကဆိုသည်။

အောင်မြင်သာဒေသခံများသည် ၎င်းတို့အားနေရာချနေထိုင်ခိုင်းသည့် ကျေးရွာတွင် လုပ်ကိုင်စားသောက်ရန် အခက်အခဲများစွာရှိနေခြင်းကြောင့် နဂိုကျေးရွာဖြစ် သော တန်ဖရဲကျေးရွာသို့ သွားရောက်ကာလုပ်ကိုင်စားသောက်လျှက်ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s